သူမ စိတ်ကြိုက် ပြင်ဆင် ထားတဲ့ အိမ်အ ကောင်းစားကြီးကို မြင်ဖူး အောင် ချပြလိုက် တဲ့ မေကဗျာ
မင်းသ မီးချောလေးမေကဗျာကတော့ အသားအရည် ညိုညိုညက်ညက်လေးနဲ့ မြန်မာဆန်တဲ့အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။မေကဗျာက ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး
ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။မေကဗျာရဲ့ အနုပညာအရည်အသွေးတွေကို ပရိသတ်တွေကကြိုက်နှစ်သက်ကြလို့ ယနေ့အချိန်ထိတိုင် နာမည်တစ်ခုနဲ့ရပ်တည်နေတာဖြစ်ပါတယ်။
မေကဗျာက သမီးလေးတစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပေမယ့် နုပျိုနေတဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မေကဗျာက လက်ရှိမှာတော့
အိမ်မှာပဲ အေးအေးချမ်းချမ်းနားနေပြီး သမီးလေးနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေ ကုန်ဆုံးနေတာဖြစ်ပါတယ်။မေကဗျာရဲ့ အိမ်လေးကလည်း သာယာနွေးထွေးမှုအပြည့်နဲ့ နေချင်စဖွယ်အပြည့်ရှိပါတယ်နော်။
မေကဗျာက သူအရဲ့အိမ်လေးကို စိတ်ကြိုက်ပြင်ဆင်ထားပြီး ပရိဘောဂလေးတွေကလည်းတောက်ပြောင်နေတာဖြစ်ပါတယ်။မေကဗျာက”အခုရက်ပိုင်းကံကောင်းခြင်းများနှင့်ကျွန်မ ကျွန်မရဲ့အိမ်လေး ပြည့်စုံသလောက်ရှိသွားပြီ အလုပ်တွေရှု
ပ်နေတဲ့ကြားကဘာအစီအစဉ်မှမရှိဘဲ ပြင်ဖြစ်ခဲ့တယ် ၂ ရက်တည်းနဲ့ ဖြစ်ချင်တာအကုန်ဖြစ်သွားလို့လည်း အံ့ဩမိတယ် အိမ်လေးကိုလည်းအစီအစဉ်မရှိဘဲ ဘုန်းဘုန်းကြွမှာကြိုမသိပဲပြင်ဖြစ်သွားတယ်”ဆိုပြီး သူမရဲ့နွေးထွေးတဲ့အိမ်လေးကို မျှဝေလာတာဖြစ်ပါတယ်နော်။Source&Photo Credit:May Kabyar’s Facebook Account