လူပ်ိဳ သီခ် င္း မွာ အၾကည့္ ရဲခဲ့ ရင္ ေတာင္းပန္ပါ တယ္ ဆိုတဲ့ မေနာ

မ ဂလၤာပါ လူပ်ိဳ သီခ်င္း MTV ႏွင့္ ပက္သတ္ၿပီး က်ေနာ္ ေတာင္းပန္ပါ့မယ္ ခင္ဗ်ာအခုလို လမ္းအမွန္ကိုေထာက္ျပေပးတဲ့ ညီေလး ညီမေလးမ်ားကို ေက်းဇူးတင္ပါတယ္ဒီလူပ်ိဳသီခ်င္းေလးဟာ ၾကည့္ရႈ႕သူမ်ား ေပ်ာ္႐ႊင္ေစခ်င္ ရယ္ေမာေစခ်င္တဲ့

ဆႏၵတစ္ခုတည္းႏွင့္သာ ပုံေဖာ္႐ိုက္ကူး ခဲ့ျခင္းျဖစ္ပါတယ္ မည္သူ႔ကိုမွ် ထိခိုက္နစ္နာေစေအာင္ ရည္႐ြယ္ၿပီး မျပဳလုပ္ခဲ့ပါ ရတနာပုံ တကၠသိုလ္ႀကီးႏွင့္ ေက်ာင္းသား ေက်ာင္းသူေလးမ်ား ဆရာ ဆရာမမ်ားအားလုံး ဂုဏ္သိကၡာ ထိခိုက္နစ္နာခဲ့လွ်င္အႏူးအၫြတ္ ေတာင္းပန္အပ္ပါတယ္ခင္ဗ်ာ

ေတာင္းပန္ရသည့္ ရည္႐ြယ္ခ်က္ မ်ားမွာ

၁။ အႏုပညာအလုပ္ကိုလုပ္သူ (သို႔)ထင္ေပၚေက်ာ္ၾကားသူ တစ္ဦးဟာ အရာရာ သတိထားရပါမယ္ မိမိေၾကာင့္ လူငယ္လူ႐ြယ္ေလးမ်ား မသိအျမင္ မမွားေစခ်င္ေသာ ဆႏၵ အတုျမင္ အတတ္သင္ မျပဳေစခ်င္ေသာဆႏၵ ႏွင့္ ရတနာပုံ တကၠသိုလ္ ပါေမာကၡခ်ဳပ္ႏွင့္ ဆရာ ဆရာမမ်ား ေက်ာင္းသား ေက်ာင္းသူမ်ား၏ ဂုဏ္သိကၡာကို မထိခိုက္ေစလိုေသာ ဆႏၵ

၂။ က်ေနာ္ ကိုးကြယ္ ဆည္းကပ္ေသာ ဆရာေတာ္မ်ား မိဘ ညီအစ္ကို ေမာင္ႏွမ ဆရာ ဆရာမမ်ား မိတ္ေဆြမ်ားႏွင့္ သူငယ္ခ်င္းေကာင္းမ်ားအစုံစုံကို ေလးစားတန္ဖိုးထားျခင္း ဆုံးမသြန္သင္မႈညံ့သည္ဟု အထင္ခံရ၍ ထိုသူမ်ား၏ ဂုဏ္သိကၡာကို က်ေနာ္ေၾကာင့္မထိခိုက္ေစလိုပါ

၃။ က်ေနာ့္ရဲ႕ ေတးခ်စ္သူ ပရိသတ္မ်ား စိတ္ေသာက မေရာက္ ေစခ်င္ပါ က်ေနာ့္ကို ခ်စ္သူခင္သူမ်ားက ထိုသူမ်ားကိုဆဲ ထိုသူမ်ား ဘက္မွ ျပန္ဆဲနဲ႔ က်ေနာ္က ထိုသူေတြကို အကုသိုလ္ ေပးေနရာေရာက္ပါတယ္ခင္ဗ်ာ

၄။ က်ေနာ့္မွာ ေန႔စဥ္ ရဟန္းသံဃာမ်ားကို ေဝယ်ာဝစၥ ျပဳလုပ္ၿပီး ဆြမ္းခံရင္း လူနတ္ျဗဟၼာ သတၱဝါအေပါင္းကို ေမတၱာပို႔ ပါတယ္ မိသားစုႏွင့္အတူ ေအးခ်မ္းစြာ ျဖတ္သန္းရင္း လူဘဝအခ်ိန္ေတြကို တန္ဖိုးရွိစြာေနထိုင္သြားရမွာျဖစ္ပါတယ္

ဒါေၾကာင့္ က်ေနာ့္ရဲ႕ အမွားကို ျပဳျပင္ေပးသည့္ ညီေလး ညီမေလးမ်ား ေက်နပ္သည္အထိေတာင္းပန္ပါ့မယ္ ဒီက်ေနာ့္ ရဲ႕ မေနာ Manaaw Like Page မွေတာင္းပန္တာ အားရေက်နပ္မႈမရွိေသးလွ်င္ ကိုယ္တိုင္လာေရာက္ ေတာင္းပန္ဆိုလည္း က်ေနာ္ ေတာင္းပန္ပါ့မယ္ ခင္ဗ်ားး

အားလုံးသာယာခ်မ္းေျမ့ပါေစ ေမနာ

Source ေမနာ Manaaw

လူပျို သီချ င်း မှာ အကြည့် ရဲခဲ့ ရင် တောင်းပန်ပါ တယ် ဆိုတဲ့ မနော

မ ဂင်္လာပါ လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျနော် တောင်းပန်ပါ့မယ် ခင်ဗျာအခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့

ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူး ခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ

တောင်းပန်ရသည့် ရည်ရွယ်ချက် များမှာ

၁။ အနုပညာအလုပ်ကိုလုပ်သူ (သို့)ထင်ပေါ်ကျော်ကြားသူ တစ်ဦးဟာ အရာရာ သတိထားရပါမယ် မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင် မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ

၂။ ကျနော် ကိုးကွယ် ဆည်းကပ်သော ဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်းများအစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကို ကျနော်ကြောင့်မထိခိုက်စေလိုပါ

၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက် စေချင်ပါ ကျနော့်ကို ချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများ ဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ

၄။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စ ပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ ပါတယ် မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ်

ဒါကြောင့် ကျနော့်ရဲ့ အမှားကို ပြုပြင်ပေးသည့် ညီလေး ညီမလေးများ ကျေနပ်သည်အထိတောင်းပန်ပါ့မယ် ဒီကျနော့် ရဲ့ မနော Manaaw Like Page မှတောင်းပန်တာ အားရကျေနပ်မှုမရှိသေးလျှင် ကိုယ်တိုင်လာရောက် တောင်းပန်ဆိုလည်း ကျနော် တောင်းပန်ပါ့မယ် ခင်ဗျားး

အားလုံးသာယာချမ်းမြေ့ပါစေ မေနာ

Source မေနာ Manaaw