သိန္းေသာင္း ခ်ီ ပိုင္ဆိုင္ႏိုင္ေသာ တန ဂၤေႏြ ျဂိဳလ္ခံုေပၚက ငါး႐ုပ္
ကြၽႏု္ပ္ သည္ လကၡဏာ ပညာ ကို အသက္ ၁၃ ႏွစ္ထဲက ေလ့လာ လိုက္စားခဲ့သည္ ။ သင္ယူခဲ့ေသာ ပညာရပ္မ်ား ကိုလဲ အျပင္တြင္ လက္ေတြ႔က်က်ေလ့လာ သံုးသပ္ၿပီး မွ လကၡဏာ ဆရာေလာက သို႔ ဝင္လာ ခဲ့တာပါ ။ လကၡဏာ ပညာဟာ လူတစ္ေယာက္ ရဲ႕ဘဝ ကို ၇၅% ေလာက္မီးေမာင္းထိုးျပထားသ လိုပါပဲ။
ဒီလေတာ့လက္ဝါးျပင္ တနဂၤေႏြၿဂိဳလ္ခံုမွာ ႐ွိတဲ့ ငါး႐ုပ္နဲ႔ ပတ္ သက္၍ တင္ျပေပးသြားမယ္ ။ လက္ဝါးျပင္ ရဲ႕ လက္သူႂကြယ္ေအာက္ မွာ ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႕ မွား တတ္တဲ့ ငါး႐ုပ္သေကၤတတခုပါတတ္တယ္။ ေသခ်ာၾကည့္ရင္ေတာ့ကြဲပါတယ္။ ေအာင္ျမင္ေရး လမ္းေၾကာင္း က ေျဖာင့္မတ္တယ္ ။ ငါး႐ုပ္ကေတာ့အခြၽန္ အတက္ေလးေတြ ပါတယ္။ ငါး႐ုပ္ သေကၤတကေတာ့ လက္ဝါးမွာ ထင္႐ွားရင္ ထင္႐ွားသလို ေအာင္ျမင္ေရးလမ္း ေၾကာင္းထက္ ပိုေကာင္းတတ္တယ္။
လကၡဏာၾကည့္ ပရိသတ္ ရဲ႕လက္ဝါး မွာ ငါး႐ုပ္သေကၤတပါလာၿပီဆိုရင္ လကၡဏာပိုင္႐ွင္ဟာ ႐ုတ္တရတ္ခ်မ္းသာတဲ့ဘဝကို ေျပာင္းလဲသြားတဲ့အထိ ငါး႐ုပ္က ေပးစြမ္းႏိုင္ပါတယ္။ တနဂၤေႏြ ၿဂိဳလ္ခံုမွာ ပါလာခဲ့ရင္ ေအာင္ျမင္ေရး သေကၤတလိုပဲအက်ိဳးေပးမယ္။ ထူးျခားသြားတာက အေမြေတြ ထီေတြ ႐ုတ္တရတ္ရတာေပါက္တာထက္ လကၡဏာ ပိုင္႐ွင္ဟာ မိမိအစြမ္းအစနဲ႔ ေအာင္ျမင္ခ်မ္းသာျခင္းကို ႐ုတ္တရက္ ရလာတတ္ပါတယ္။ ကိုယ္ပိုင္အစြမ္းအစ ကိုယ္ပိုင္လုပ္ငန္းနဲ႔ပဲ အဆင္ေျပတတ္ပါတယ္ ။ သူမ်ား လက္ေအာက္ခံဘဝ ၾကာၾကာမေနရပါ ။
အစိုးရဝန္ထမ္းဆိုလဲ အာဏာ ရာထူးထိပ္ဆံုးထိေရာက္ တတ္တယ္ ။ အသက္အရြယ္ ရတာနဲ႔ပိုေအာင္ ျမင္တတ္ ပါတယ္။ ေမ်ာ္လင့္မထားတဲ့ ခ်မ္းသာတဲ့ဘဝကို႐ုတ္တရတ္ပိုင္ဆိုင္ လာရတတ္ ပါတယ္ ။ အိုဇာတာေကာင္း ၍ အသက္ႀကီးရင္ခ်မ္းခ်မ္းသာသာေနရ တတ္ပါတယ္ ။ ငါး႐ုပ္ႀကီးရင္ႀကီးသလို အက်ိဳးေပးခံစား ရမ်ား တတ္တယ္ ။
လကၡဏာၾကည့္ပရိသတ္ ရဲ႕ လက္ဝါးတြင္ ကံေကာင္းျခင္းႏွင့္ ပတ္သက္ေသာ သေကၤတမ်ား႐ွိသလို ကံဆိုးျခင္းႏွင့္ ပတ္သက္ေသာသေကၤတမ်ားလဲ ႐ွိတတ္ၾကသည္။ ကံေကာင္းျခင္းသေကၤတပါလာရင္ အက်ိဳး႐ွိေပမဲ့ ကံဆိုးျခင္း သေကၤတ ပါလာရင္ မိမိအတြက္ျပင္ ဆင္ဖို႔အခ်ိန္ရေအာင္ တတ္သိနားလည္ တဲ့ဆရာေတြနဲ႔ျပထားသင့္ပါတယ္။ ဒီလေတာ့ဒီပိုစ့္နဲ႔ပဲ ဗဟုသုတအျဖစ္သင္ေပး လိုက္ ပါတယ္။ လကၡဏာလမ္းေၾကာင္းမ်ား နဲ႔ ပါတ္သက္ ၍ေလ့လာစရာေတြက လိုက္မကုန္ႏိုင္ပါ။ ကြၽႏ္ုပ္အားရင္ အားသလို လကၡဏာၾကည့္ပရိသတ္မ်ားကို တင္ျပေပးသြားပါမည္။
လကၡဏာဆရာမင္းခန္႔ (Viber-09694506705)
သိန်းသောင်း ချီ ပိုင်ဆိုင်နိုင်သော တန င်္ဂနွေ ဂြိုလ်ခုံပေါ်က ငါးရုပ်
ကျွနု်ပ် သည် လက္ခဏာ ပညာ ကို အသက် ၁၃ နှစ်ထဲက လေ့လာ လိုက်စားခဲ့သည် ။ သင်ယူခဲ့သော ပညာရပ်များ ကိုလဲ အပြင်တွင် လက်တွေ့ကျကျလေ့လာ သုံးသပ်ပြီး မှ လက္ခဏာ ဆရာလောက သို့ ဝင်လာ ခဲ့တာပါ ။ လက္ခဏာ ပညာဟာ လူတစ်ယောက် ရဲ့ဘဝ ကို ၇၅% လောက်မီးမောင်းထိုးပြထားသ လိုပါပဲ။
ဒီလတော့လက်ဝါးပြင် တနင်္ဂနွေဂြိုလ်ခုံမှာ ရှိတဲ့ ငါးရုပ်နဲ့ ပတ် သက်၍ တင်ပြပေးသွားမယ် ။ လက်ဝါးပြင် ရဲ့ လက်သူကြွယ်အောက် မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့ မှား တတ်တဲ့ ငါးရုပ်သင်္ကေတတခုပါတတ်တယ်။ သေချာကြည့်ရင်တော့ကွဲပါတယ်။ အောင်မြင်ရေး လမ်းကြောင်း က ဖြောင့်မတ်တယ် ။ ငါးရုပ်ကတော့အချွန် အတက်လေးတွေ ပါတယ်။ ငါးရုပ် သင်္ကေတကတော့ လက်ဝါးမှာ ထင်ရှားရင် ထင်ရှားသလို အောင်မြင်ရေးလမ်း ကြောင်းထက် ပိုကောင်းတတ်တယ်။
လက္ခဏာကြည့် ပရိသတ် ရဲ့လက်ဝါး မှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင် လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကို ပြောင်းလဲသွားတဲ့အထိ ငါးရုပ်က ပေးစွမ်းနိုင်ပါတယ်။ တနင်္ဂနွေ ဂြိုလ်ခုံမှာ ပါလာခဲ့ရင် အောင်မြင်ရေး သင်္ကေတလိုပဲအကျိုးပေးမယ်။ ထူးခြားသွားတာက အမွေတွေ ထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာ ပိုင်ရှင်ဟာ မိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကို ရုတ်တရက် ရလာတတ်ပါတယ်။ ကိုယ်ပိုင်အစွမ်းအစ ကိုယ်ပိုင်လုပ်ငန်းနဲ့ပဲ အဆင်ပြေတတ်ပါတယ် ။ သူများ လက်အောက်ခံဘဝ ကြာကြာမနေရပါ ။
အစိုးရဝန်ထမ်းဆိုလဲ အာဏာ ရာထူးထိပ်ဆုံးထိရောက် တတ်တယ် ။ အသက်အရွယ် ရတာနဲ့ပိုအောင် မြင်တတ် ပါတယ်။ မျော်လင့်မထားတဲ့ ချမ်းသာတဲ့ဘဝကိုရုတ်တရတ်ပိုင်ဆိုင် လာရတတ် ပါတယ် ။ အိုဇာတာကောင်း ၍ အသက်ကြီးရင်ချမ်းချမ်းသာသာနေရ တတ်ပါတယ် ။ ငါးရုပ်ကြီးရင်ကြီးသလို အကျိုးပေးခံစား ရများ တတ်တယ် ။
လက္ခဏာကြည့်ပရိသတ် ရဲ့ လက်ဝါးတွင် ကံကောင်းခြင်းနှင့် ပတ်သက်သော သင်္ကေတများရှိသလို ကံဆိုးခြင်းနှင့် ပတ်သက်သောသင်္ကေတများလဲ ရှိတတ်ကြသည်။ ကံကောင်းခြင်းသင်္ကေတပါလာရင် အကျိုးရှိပေမဲ့ ကံဆိုးခြင်း သင်္ကေတ ပါလာရင် မိမိအတွက်ပြင် ဆင်ဖို့အချိန်ရအောင် တတ်သိနားလည် တဲ့ဆရာတွေနဲ့ပြထားသင့်ပါတယ်။ ဒီလတော့ဒီပိုစ့်နဲ့ပဲ ဗဟုသုတအဖြစ်သင်ပေး လိုက် ပါတယ်။ လက္ခဏာလမ်းကြောင်းများ နဲ့ ပါတ်သက် ၍လေ့လာစရာတွေက လိုက်မကုန်နိုင်ပါ။ ကျွန်ုပ်အားရင် အားသလို လက္ခဏာကြည့်ပရိသတ်များကို တင်ပြပေးသွားပါမည်။
လက္ခဏာဆရာမင်းခန့် (Viber-09694506705)