






Source:Sinon Loresca

ရန်ကုန်မြို့၊လှိုင်မှာရှိတဲ့ Quarantineအဆောင်မှာ အသင့်စားဝက် အူချောင်းတွေ လှူဖို့ကိုယ် တိုင်ပြင် ဆင်နေတဲ့ စီနွန်


နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းဆိုလည်းရက်ရောပြီးမကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စီနွန်ကိုတော့ပရိသတ်ကြီးလည်း ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီးတော့ တတ်နိုင် သလောက်ထေ ာက်ပံ့လှူဒါန်းမှုတွေကိုပြုလု ပ်လျက် ရှိပါတယ်။


လက်ရှိမှာလည်းရန်ကုန်မှာရှိတဲ့ Quarantine‌ ဆောင်တွေထဲကမှ လှိုင်မှာရှိတဲ့ Quarantineဆောင်တစ်ဆောင်ကို အသင့်စားဝက်အူချောင်းတွေပေးပို့လှူဒါန်းသွားမယ်လို့သိရပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့စီနွန်က လူတစ်ဦးနဲ့တစ်ဦးပိုပီးတော့ဂရုစိုက်ပေးရမယ် ပိုပီးကြင်နာသနားပေးရမယ်ဆိုတာကိုသိလိုက်ရတယ်လို့ပြောပြခဲ့ပါတယ်။ အဲဒီအကြောင်းလေးကိုတော့”ရန်ကုန်မှာရှိတဲ့ Quarantine‌ ဆောင်တွေထဲကမှ လှိုင်မှာရှိတဲ့ Quarantineဆောင်တစ်ဆောင်ကို ကျတော်တို့ဒီနေ့အသ င့်စားဝက် အူချောင်းတွေပေ းဝေဖို့စီစဉ်ေ နပါတယ်


ဒီကပ်ရောဂါဖြစ်နေတဲ့အချိန်မှာကျတော်သိလိုက်ရတာကလူတစ်ဦးနဲ့တစ်ဦး ပိုပီးတော့ဂရုစိုက်ပေးရမယ် ပိုပီးတော့ကြင်နာသနားပေးရမယ်။ ဘာတွေဘဲဖြစ်နေပါစေတစ်ယောက်ကိုတစ်ယောက်ကူညီဖေးမပေးရမယ်ဆိုတာပါဘဲ Covid-19 ရောဂါကပ်ဘေးကြီးမှာ ကျတော်တို့အားလုံးဟာတစ်ယောက်တည်းပါဘဲ အဆုံးထိတိုက်ထုတ်လိုက်ကြရအောင် ဒီကပ်ရောဂါကြီးမပီးမချင်း!”ဆိုပြီး အလှူပုံရိပ်ေ လးတွေနဲ့ အတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။

Source:Sinon Loresca