ရွှေလက်ပိုင်ရှင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဆရာထူးခန့်ကျော်က ဆေးကုရာမှာလည်း စွမ်းသလို အလှူအတန်းလည်း ရက်ရောပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ ဆရာထူးခန့်ကျော်ရဲ့ဇနီး ဒေါ်သန်းသန်းခိုင်ရဲ့မွေးနေ့အဖြစ် မှော်ဘီမြို့နယ်၊ သရက်ညိုကုန်းရွာမှာရှိတဲ့ ထူးမြတ်ရတနာ သီလရှင်စာသင်တိုက်ကို သိန်း ၂၂၀ တန် မြေကွက်ကို လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် ထူးမြတ်ရတနာကျောင်းတိုက်အတွင်းမှာ တည်ဆောက်မယ့် သီလရှင်သက်ကြီး ကျောင်းဆောင်ကိုလည်း ဆရာထူးခန့်ကျော်တို့ မိသားစုက ဆောက်လှပ်လှူဒါန်းသွားဦးမှာဖြစ်ပါတယ်။