ဖြူဖြူကျော်သိန်းဆိုတာ အနုပညာလောကမှာ မသိသူမရှိလောက် အောင် အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Myanmar Idol အစီအစဉ်မှာလည်း ဒိုင်တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဖြူ ဖြူကျော်သိန်းက လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်နိုင်ပဲ ရပ်နားနေခဲ့တာ ပါ။
အခုအခါမှာတော့ဖြူဖြူက၂၁ နှစ်သမီးရဲ့ ဖွင့်ဟဝန်ခံချက်ဆိုပြီးအနုပညာသက်တမ်း ၂၁နှစ့် ပြည့်. အထိမ်းအမှတ်အဖြစ် Cobra နဲ့တွဲပြီး Duet ဆိုထား တဲ့ခွေလေးထွက်ထားတဲ့အကြောင်း post တင်ရေးသားခဲ့တာပါ။
ဒီကနေ့မှာတော့ဖြူဖြူကျော်သိန်းက မနေ့ကတင်တဲ့ “၂၁ နှစ်သမီးရဲ့ ဖွင့်ဟဝန်ခံချက်” ဆိုတဲ့ Cobra နဲ့ post လေးက 71K react ရောက်ခါမှ FB က community standards နဲ့ မညီလို့ဆိုပြီး ခုလေးပဲ ဖြုတ်ချခံရလေရဲ့။ ဘာတွေ မညီလည်းတော့မသိ။ အ nar ပေါ် dote ကျတွေများ report ဝိုင်းထုကြလားတော့မသိ😂။
အဲ့တော့ ဖတ်ချင်ရင် တယ်လီဂွမ်သာကြွခဲ့တော့။ မန့်မှာ ချပေးထားပါတယ်နော်။ ကဲပါ…ကြုံတုန်းလေး မနေ့ကနဲ့ မတူတဲ့ ပုံဟောင်းလေးတွေ ထပ်ထုတ်ကြွားပါရစေနော်😁။“သဝန်တိုတာ အရမ်းချစ်လို့” ဆိုတဲ့ ၂၀၂၀ က နောက်ဆုံးထွက်ခဲ့တဲ့ duet ခွေလေးကို ပြန်ကြေငြာတာ။ အဲ့ဒါပါ ဖြုတ်ချတယ်ဆိုတော့ ရှိစေတော့🥹 ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်