ဝတ်မှုန်ရွှေရည်ကတော့ မြန်မာဗီဒီယိုခေတ်က တည်းက အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေတွေများများမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိခဲ့သလို လူအများရဲ့ ချစ်ခင်ခြင်းကိုလည်းရရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း သူမက မြန်မာနိုင်ငံရဲ့ အနုပညာကြေးအမြင့်ဆုံးရရှိနေသူဖြစ်ပြီးတော့ အကယ်ဒမီဆုကြီးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်းမှာတော့ ဝတ်မှုန်ရွှေရည်က သူမရဲ့ အချစ်ဆုံးအမျိူးသားဖြစ်တဲ့ ကိုနိုင်ဖြိုးကျော်နဲ့ရွှေလက်တွဲသွားခဲ့တာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူက မြန်မာနိုင်ငံက ထိပ်တန်းခရိုနီဘောစိတစ်ဦးဖြစ်တာကြောင့် ဝတ်မှုန်ရွှေရည်အနေနဲ့ မင်္ဂလာပွဲခုနှစ်ကိုကြီးကျယ်စွာလုပ်ခဲ့တာဖြစ်ပါတယ်။ အလှူတွေကိုလည်းအရင်ကထက်ပိုတိုးပြီးလုပ်ခဲ့တာတဲ့အပြင် မိဘမဲ့ဂေဟာတွေ နဲ့တစ်ခြားသော လိုအပ်တဲ့ နေရာတွေမှာလည်းလိုလေးသေးမရှိလှူဒါန်းခဲ့တာကြောင့် လူတစ်ကာချစ်ကြတဲ့ ရွှေကစ်လေးဖြစ်နေခဲ့တာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ဝတ်မှုန်ရွှေရည်ကခင်ပွန်းဖြစ်သူ အဲရစ် (ခေါ်) နိုင်ဖြိုးကျော်နှင့်အတူ ဆွစ်ဇာလန်ကိုရောက်နေခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံလေးတွေကိုကြည့်ရင်း အားကျနေခဲ့ကြတာပါ။
ဒီအချိန်မှာတော့ ရုတ်တရက် ဟန်းနီးမွန်း ထပ်ထွက်သွားတဲ့အပြင် ကစ်ကစ်ရဲ့ဂါဝန်ဒီဇိုင်းအသစ်ကြောင့်လည်း ရင်သွေးလေး
ရလာတော့မှာလားလို့ သိချင်နေကြသူတွေ ရှိနေခဲ့ပါတယ်