ကြော်ငြာရိုက်လို့ရတဲ့ အနုပညာကြေးလေးနဲ့ ဆရာခြူးကို ကန်တော့ခဲ့တဲ့ သမီးလေး မေသဇင်ချစ်

Posted on

မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံးကြေငြာမင်းသမီးလေးမေသဇင်ချစ်ကတော့ ဆရာဖြစ်သူရဲ့အမှတ်မထင် တင်လိုက်တဲ့ဗီဒီယိုလေးကြောင့် တစ်နိုင်ငံလုံးရဲ့အချစ်တွေကိုရရှိသွားခဲ့တာပဲဖြစ်ပါတယ် အရွယ်လေးနဲ့မလိုက်အောင်စကားတတ်လွန်းတဲ့ သူမလေးရဲ့စကားတွေကြောင့် ဦးဦးဒေါ်ဒေါ်ဖိုးဖိုဖွားဖွားပါမကျန် ကာတွန်းဆရာကြီးတွေရဲ့ပါးစပ်ဖျားမှာပါ ရေပန်းစားလာတဲ့မေသဇင်ချစ်လေးကအခုဆိုရင် ကြေငြာ တွေလက်ခံရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။

မေသဇင်ချစ်က ပထမဆုံးကြော်ငြာနဲ့ နာမည်ကြီးသွားခဲ့ ပြီး သူ့ကို ကမ်းလှမ်းထားတဲ့နောက်ထပ် ကြော်ငြာက လည်း ၁၄ ခုရှိပါသေးတယ်။ မေသဇင်ချစ်ရဲ့အဖေ ကတော့ ပညာရေးကိုလည်း အားနည်းသွားမှာစိုးရိမ်တာ ကြောင့် ကျောင်းပိတ်ရက်တွေမှာပဲ ကြော်ငြာရိုက်ခွင့်ပေး သွားမှာပါ။ ရိုးသားတဲ့လူတွေဖြစ်တာကြောင့် ကြော်ငြာ ကြေးကိုလည်း မသတ်မှတ်ထားဘဲ မုန့်ဖိုးလောက်သာ ပေးပါဆိုပြီးတော့ ပြောထားပါတယ်။ မေသဇင်ချစ်ရဲ့ ဆရာ ဦးခြူးလွင်စိုးကလည်း တပည့်လေးရဲ့အောင်မြင်မှု အတွက် အရမ်းကို ဝမ်းသာနေပါတယ်။ မေသဇင်ချစ်က မင်းသမီးဆို ကျွန်တော်က ဗီလိန်ပါဆိုပြီးတော့ တပည့် လေးအတွက် ကာကွယ်ပေးတဲ့ အဖေလိုမျိုး ဆရာတစ် ယောက်ဖြစ်ပါတယ်။


ဒီနေ့မှာတော့ သမီးလေးမေသဇင်ချစ်ကကြော်ငြာရိုက်လို့ရတဲ့ အနုပညာကြေးလေးနဲ့ ဆရာခြူးကို ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။ဆရာ့ကျေးဇူးတွေကအများကြီးရှိပါတယ်ခုလိုသိတက်ပြီးကန်တော့တာကတော့အလွန်ဝမ်းသာစရာပါ။ဆရာသမားအပေါ်သိတတ်တဲ့သမီးလေး မေသဇင်ချစ်ဒိထက်မကအောင်မြင်မှုတွေရရှိပိုင်ဆိုင်တိုင်ပါစေ