ကမာၻတဝွမ္းသန္း ခ်ီေသေနခ်ိန္ မန္မာျပည္ ဟာ..ဘာေၾကာင့္ကို ဗစ္ နဲ႔ပတ္သက္ၿပီး..ကံေကာင္းေနၾကရသလဲ..?

ကိုဗစ္ နဲ႔ ပတ္သက္ရင္ ယူအက္စ္မွာ အရင္ကေတာ့ တရက္ကို လူ ၂ ေသာင္းေက်ာ္ေလာက္ ကူးစက္ႏႈန္းကို မ်ားလွခ်ည့္ ထင္ခဲ့ရရာကေန အခုေတာ့ တေန႔ ၆ ေသာင္း ဝန္းက်င္ ပုံမွန္ စာရင္းတိုးေနတဲ့ အေျခအေနကို ေရာက္သြားၿပီ။


ေသဆုံးမႈႏႈန္းကလည္း အရင္ကေလာက္ မမ်ားတဲ့ တိုင္ေအာင္ တေန႔ကို ၇၀၀-၈၀၀ ဝန္းက်င္ကေတာ့ ကိုဗစ္ေၾကာင့္ အသက္ဆုံးေနရ တုန္းပဲ။

ယူအက္စ္တင္ ဘယ္ကလိမ့္မလဲ။

ကိုဗစ္ကို ေပါ့ေပါ့တန္တန္ သေဘာထားခဲ့တဲ့ ဘရာဇီး ဆိုရင္လည္း အခုဆို လွိမ့္ေနေအာင္ ခံရတယ္။ သမၼတကိုက အစ ဗိုင္းရပ္စ္က အလြတ္မေပးခဲ့ဘူး။

အဲဒီ ႏွစ္ႏိုင္ငံၿပီးရင္ ကမာၻမွာ ကူးစက္ခံရမႈ တတိယ အမ်ားဆုံး လိုက္ေနတဲ့ အိႏၵိယကေတာ့ ေလာ့ေဒါင္း အစီအစဥ္ကို စနစ္တက် မလုပ္ေဆာင္ႏိုင္ခဲ့တဲ့ အက်ိဳးဆက္ကို အခုထိ ေပးဆပ္ေနရတယ္။

အစပိုင္းမွာ အငိုက္မိခဲ့ေပမယ့္ ကိုဗစ္ကို ေပါ့ေပါ့တန္တန္ သေဘာမထားဘဲ စနစ္တက် ပိတ္ဆို႔ တားဆီးႏိုင္တဲ့ ႏိုင္ငံေတြ ျဖစ္တဲ့ အီတလီ၊ ေတာင္ကိုးရီးယား၊ ျပင္သစ္တို႔လို ႏိုင္ငံေတြမွာ ဗိုင္းရပ္စ္က အေတာ္တန႔္သြားၿပီ။


အစကတည္းကိုက ျပင္ျပင္ဆင္ဆင္ ရွိခဲ့တဲ့ ႏိုင္ငံေတြမွာ ဆိုရင္ေတာ့ အခုဆိုရင္ တေန႔တေန႔ကို အင္မတန္ နည္းပါးတဲ့ ကူးစက္မႈႏႈန္းေတြ အျပင္ ရက္အေတာ္မ်ားမ်ားကိုလည္း ဗိုင္းရပ္စ္ ကူးစက္မႈ မရွိတဲ့ ေန႔ေတြ အျဖစ္ ျဖတ္သန္းေနရၿပီ။ ဥပမာ..၊ နယူးဇီလန္၊ ဖင္လန္၊ ဗီယက္နမ္၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေဘးက ထိုင္း။

ၿပီးေတာ့ အစကတည္းကိုက ျပင္ျပင္ဆင္ဆင္ ရွိတဲ့ ႏိုင္ငံေတြစာရင္းထဲမွာ ျမန္မာသည္လည္း တႏိုင္ငံ အပါအဝင္ပဲ။

ျမန္မာႏိုင္ငံ ဆိုတာက ဗိုင္းရပ္စ္ စတင္ ျပန႔္ပြားခဲ့ရာ တ႐ုတ္နဲ႔လည္း ကပ္လ်က္၊ ၿပီးေတာ့ လူဦးေရ ထူေျပာလွတဲ့ အျပင္ ဗိုင္းရပ္စ္ ကူးစက္ႏႈန္းကလည္း မေသးလွတဲ့ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္တို႔လို ႏိုင္ငံေတြကလည္း အနီးအနားမွာတင္။

ဒီေတာ့ သူ႔အိုးနဲ႔သူဆန္ သူတတ္ႏိုင္တဲ့ အားကေလးနဲ႔သူ အစိုးရနဲ႔ ျပည္သူ လက္တြဲညီခဲ့ၾကရတယ္။

လူေပါင္း သိန္းနဲ႔ခ်ီၿပီး ၁၄ ရက္စာ တင္ေကြၽးလိုက္၊ ၂၁ ရက္စာ တင္ေကြၽးလိုက္နဲ႔ မရွိအတူ ရွိအတူ မွ်ေဝလႉဒါန္း စားေသာက္ၾကရင္းနဲ႔ ဗိုင္းရပ္စ္ကို ရင္ဆိုင္ခဲ့ၾကတယ္။

ကမာၻ႔ ထိပ္တန္းဆိုတဲ့ ႏိုင္ငံေတြ အေတာ္မ်ားမ်ားမွာေတာင္ ၁၄ ရက္ ေစာင့္ၾကည့္၊ ၂၁ ရက္ ေစာင့္ၾကည့္ေတြ ထားၿပီး ေတာ္႐ုံနဲ႔ တင္မေကြၽးထားေပမယ့္ ျမန္မာကေတာ့ အဲဒီ ဝန္ကို ရေအာင္ ထမ္းခဲ့တယ္။ အခုထိလည္း ထမ္းေနဆဲပဲ။


ဗိုင္းရပ္စ္ ကူးခံရတဲ့သူမွန္း သိၿပီေဟ့ ဆိုတာနဲ႔ အဲဒီလူကို ေဆး႐ုံကို တန္းေခၚသြားၿပီး သက္သာေပ်ာက္ကင္းတဲ့ အထိ မ်က္စိေအာက္က အေပ်ာက္မခံ ကုသေပးတာမ်ိဳးကို ခ်မ္းသာပါတယ္ ဆိုတဲ့ အေမရိကားမွာ မလုပ္ႏိုင္ေပမယ့္ ျမန္မာ အစိုးရကေတာ့ ရေအာင္ကို လုပ္တယ္။ လႉတဲ့ ျပည္သူကလည္း တတ္အားသမွ် အားပါးတရကို လႉၾကတယ္။

ဒါေၾကာင့္ လက္ရွိ ျမန္မာမွာ ေတြ႕ထားတယ္ ဆိုတဲ့ ကူးစက္ခံရသူ လူ ၃၀၀ ေက်ာ္ ဆိုတာဟာ အေတာ္ သက္သက္သာသာ ရွိတဲ့ ပမာဏလို႔ ေျပာလို႔ရတယ္။

ေျပာခ်င္ တာက အဲဒီလို သက္သက္သာသာ ရွိတဲ့ ပမာဏေလာက္ပဲ ျဖစ္ေနတာက ျမန္မာႏိုင္ငံဟာ ကိုဗစ္ ကိစၥမွာ အလကားေနရင္း ကံေကာင္းေနတာ မဟုတ္ဘူး။

အစိုးရ ဦးေဆာင္မႈ ေကာင္းခဲ့သလို ျပည္သူပူးေပါင္းမႈလည္း မညံ့ခဲ့လို႔ ဒီအေျခအေနကို ရေနတာ ျဖစ္တ ယ္။

အဲဒါကို ျမန္မာႏိုင္ငံဟာ ကိုဗစ္ကိစၥမွာ ကံေကာင္းတယ္လို႔ ဆိုရမွာ ျဖစ္ေၾကာင္း လို႔ မွတ္ခ်က္ ခ်တယ္ဆိုရင္ အဲဒီလို မွတ္ခ်က္ခ်တဲ့လူဟာ ႐ူးေနလို႔ ျဖစ္ရင္ျဖစ္၊ အဲဒါမွ မဟုတ္ရင္ေတာ့ လက္ရွိ အစိုးရ လုပ္ေဆာင္ကိုင္တြယ္ပုံ ေကာင္းမြန္ခဲ့တာကို အသိအမွတ္ မျပဳခ်င္တဲ့ စိတ္က ပိုမ်ားေနလို႔သာပဲ ျဖစ္လိမ့္မယ္။

ဒီအခ်ိန္မွာ NLD အစိုးရမွသာတင္ မဟုတ္၊ တျခားေသာ ဘယ္အစိုးရ လက္ထက္ပဲ ျဖစ္ေနပါေစ ဗိုင္းရပ္စ္ကို ဒီေလာက္ အေနအထားေလာက္ ကိုင္တြယ္ ထိန္းသိမ္းႏိုင္တယ္ ဆိုရင္ အသိအမွတ္ျပဳရ မွာပဲ။

အခုေတာ့ မစၦရိယ စိတ္ခံေတြက ပိုမ်ားတဲ့ မွတ္ခ်က္မ်ိဳးကို လူအမ်ားေရွ႕မွာ ႐ုပ္တည္ႀကီးနဲ႔ ေျပာဆိုဝံ့တယ္ ဆိုတာ ေတာ္႐ုံ စိတ္ယုတ္မ်ိဳး၊ အရွက္မဲ့တာမ်ိဳးေလာက္ကို မဟုတ္ဘူး။

ဒီေတာ့ ေသေသခ်ာခ်ာကို ထပ္ေျပာမယ္။

အခု ကိုဗစ္ကိစၥမွာ ျမန္မာႏိုင္ငံဟာ ကံေကာင္းေနတာ မဟုတ္ဘူး။
လုပ္ေဆာင္ခ်က္ေတြ ေကာင္းခဲ့တာ။

ခ်စ္ျခင္းေမတၱာျဖင့္

ကလိုေစးထူး
ဇူလိုင္လ ၁၄ ရက္၊ ၂၀၂၀ ခုႏွစ္။
ေဒသစံေတာ္ခ်ိန္၊ မနက္ ၁၁ နာရီ ၂၃ မိနစ္။

ကမ္ဘာတဝှမ်းသန်း ချီသေနေချိန် မန်မာပြည် ဟာ..ဘာကြောင့်ကို ဗစ် နဲ့ပတ်သက်ပြီး..ကံကောင်းနေကြရသလဲ..?

ကိုဗစ် နဲ့ ပတ်သက်ရင် ယူအက်စ်မှာ အရင်ကတော့ တရက်ကို လူ ၂ သောင်းကျော်လောက် ကူးစက်နှုန်းကို များလှချည့် ထင်ခဲ့ရရာကနေ အခုတော့ တနေ့ ၆ သောင်း ဝန်းကျင် ပုံမှန် စာရင်းတိုးနေတဲ့ အခြေအနေကို ရောက်သွားပြီ။


သေဆုံးမှုနှုန်းကလည်း အရင်ကလောက် မများတဲ့ တိုင်အောင် တနေ့ကို ၇၀၀-၈၀၀ ဝန်းကျင်ကတော့ ကိုဗစ်ကြောင့် အသက်ဆုံးနေရ တုန်းပဲ။

ယူအက်စ်တင် ဘယ်ကလိမ့်မလဲ။

ကိုဗစ်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့ ဘရာဇီး ဆိုရင်လည်း အခုဆို လှိမ့်နေအောင် ခံရတယ်။ သမ္မတကိုက အစ ဗိုင်းရပ်စ်က အလွတ်မပေးခဲ့ဘူး။

အဲဒီ နှစ်နိုင်ငံပြီးရင် ကမ္ဘာမှာ ကူးစက်ခံရမှု တတိယ အများဆုံး လိုက်နေတဲ့ အိန္ဒိယကတော့ လော့ဒေါင်း အစီအစဉ်ကို စနစ်တကျ မလုပ်ဆောင်နိုင်ခဲ့တဲ့ အကျိုးဆက်ကို အခုထိ ပေးဆပ်နေရတယ်။

အစပိုင်းမှာ အငိုက်မိခဲ့ပေမယ့် ကိုဗစ်ကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ စနစ်တကျ ပိတ်ဆို့ တားဆီးနိုင်တဲ့ နိုင်ငံတွေ ဖြစ်တဲ့ အီတလီ၊ တောင်ကိုးရီးယား၊ ပြင်သစ်တို့လို နိုင်ငံတွေမှာ ဗိုင်းရပ်စ်က အတော်တန့်သွားပြီ။


အစကတည်းကိုက ပြင်ပြင်ဆင်ဆင် ရှိခဲ့တဲ့ နိုင်ငံတွေမှာ ဆိုရင်တော့ အခုဆိုရင် တနေ့တနေ့ကို အင်မတန် နည်းပါးတဲ့ ကူးစက်မှုနှုန်းတွေ အပြင် ရက်အတော်များများကိုလည်း ဗိုင်းရပ်စ် ကူးစက်မှု မရှိတဲ့ နေ့တွေ အဖြစ် ဖြတ်သန်းနေရပြီ။ ဥပမာ..၊ နယူးဇီလန်၊ ဖင်လန်၊ ဗီယက်နမ်၊ ပြီးတော့ ကျွန်တော်တို့ ဘေးက ထိုင်း။

ပြီးတော့ အစကတည်းကိုက ပြင်ပြင်ဆင်ဆင် ရှိတဲ့ နိုင်ငံတွေစာရင်းထဲမှာ မြန်မာသည်လည်း တနိုင်ငံ အပါအဝင်ပဲ။

မြန်မာနိုင်ငံ ဆိုတာက ဗိုင်းရပ်စ် စတင် ပြန့်ပွားခဲ့ရာ တရုတ်နဲ့လည်း ကပ်လျက်၊ ပြီးတော့ လူဦးရေ ထူပြောလှတဲ့ အပြင် ဗိုင်းရပ်စ် ကူးစက်နှုန်းကလည်း မသေးလှတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေကလည်း အနီးအနားမှာတင်။

ဒီတော့ သူ့အိုးနဲ့သူဆန် သူတတ်နိုင်တဲ့ အားကလေးနဲ့သူ အစိုးရနဲ့ ပြည်သူ လက်တွဲညီခဲ့ကြရတယ်။

လူပေါင်း သိန်းနဲ့ချီပြီး ၁၄ ရက်စာ တင်ကျွေးလိုက်၊ ၂၁ ရက်စာ တင်ကျွေးလိုက်နဲ့ မရှိအတူ ရှိအတူ မျှဝေလှူဒါန်း စားသောက်ကြရင်းနဲ့ ဗိုင်းရပ်စ်ကို ရင်ဆိုင်ခဲ့ကြတယ်။

ကမ္ဘာ့ ထိပ်တန်းဆိုတဲ့ နိုင်ငံတွေ အတော်များများမှာတောင် ၁၄ ရက် စောင့်ကြည့်၊ ၂၁ ရက် စောင့်ကြည့်တွေ ထားပြီး တော်ရုံနဲ့ တင်မကျွေးထားပေမယ့် မြန်မာကတော့ အဲဒီ ဝန်ကို ရအောင် ထမ်းခဲ့တယ်။ အခုထိလည်း ထမ်းနေဆဲပဲ။


ဗိုင်းရပ်စ် ကူးခံရတဲ့သူမှန်း သိပြီဟေ့ ဆိုတာနဲ့ အဲဒီလူကို ဆေးရုံကို တန်းခေါ်သွားပြီး သက်သာပျောက်ကင်းတဲ့ အထိ မျက်စိအောက်က အပျောက်မခံ ကုသပေးတာမျိုးကို ချမ်းသာပါတယ် ဆိုတဲ့ အမေရိကားမှာ မလုပ်နိုင်ပေမယ့် မြန်မာ အစိုးရကတော့ ရအောင်ကို လုပ်တယ်။ လှူတဲ့ ပြည်သူကလည်း တတ်အားသမျှ အားပါးတရကို လှူကြတယ်။

ဒါကြောင့် လက်ရှိ မြန်မာမှာ တွေ့ထားတယ် ဆိုတဲ့ ကူးစက်ခံရသူ လူ ၃၀၀ ကျော် ဆိုတာဟာ အတော် သက်သက်သာသာ ရှိတဲ့ ပမာဏလို့ ပြောလို့ရတယ်။

ပြောချင် တာက အဲဒီလို သက်သက်သာသာ ရှိတဲ့ ပမာဏလောက်ပဲ ဖြစ်နေတာက မြန်မာနိုင်ငံဟာ ကိုဗစ် ကိစ္စမှာ အလကားနေရင်း ကံကောင်းနေတာ မဟုတ်ဘူး။

အစိုးရ ဦးဆောင်မှု ကောင်းခဲ့သလို ပြည်သူပူးပေါင်းမှုလည်း မညံ့ခဲ့လို့ ဒီအခြေအနေကို ရနေတာ ဖြစ်တ ယ်။

အဲဒါကို မြန်မာနိုင်ငံဟာ ကိုဗစ်ကိစ္စမှာ ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ကြောင်း လို့ မှတ်ချက် ချတယ်ဆိုရင် အဲဒီလို မှတ်ချက်ချတဲ့လူဟာ ရူးနေလို့ ဖြစ်ရင်ဖြစ်၊ အဲဒါမှ မဟုတ်ရင်တော့ လက်ရှိ အစိုးရ လုပ်ဆောင်ကိုင်တွယ်ပုံ ကောင်းမွန်ခဲ့တာကို အသိအမှတ် မပြုချင်တဲ့ စိတ်က ပိုများနေလို့သာပဲ ဖြစ်လိမ့်မယ်။

ဒီအချိန်မှာ NLD အစိုးရမှသာတင် မဟုတ်၊ တခြားသော ဘယ်အစိုးရ လက်ထက်ပဲ ဖြစ်နေပါစေ ဗိုင်းရပ်စ်ကို ဒီလောက် အနေအထားလောက် ကိုင်တွယ် ထိန်းသိမ်းနိုင်တယ် ဆိုရင် အသိအမှတ်ပြုရ မှာပဲ။

အခုတော့ မစ္ဆရိယ စိတ်ခံတွေက ပိုများတဲ့ မှတ်ချက်မျိုးကို လူအများရှေ့မှာ ရုပ်တည်ကြီးနဲ့ ပြောဆိုဝံ့တယ် ဆိုတာ တော်ရုံ စိတ်ယုတ်မျိုး၊ အရှက်မဲ့တာမျိုးလောက်ကို မဟုတ်ဘူး။

ဒီတော့ သေသေချာချာကို ထပ်ပြောမယ်။

အခု ကိုဗစ်ကိစ္စမှာ မြန်မာနိုင်ငံဟာ ကံကောင်းနေတာ မဟုတ်ဘူး။
လုပ်ဆောင်ချက်တွေ ကောင်းခဲ့တာ။

ချစ်ခြင်းမေတ္တာဖြင့်

ကလိုစေးထူး
ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၀ ခုနှစ်။
ဒေသစံတော်ချိန်၊ မနက် ၁၁ နာရီ ၂၃ မိနစ်။