လင်မယား စုံတွဲတစ်တွဲပါ လာ တဲ့သင်္ဘောတစ်စင်း နစ်မြှပ်သွားေ သာအ ခါ
ဖတ်စေချင်လွန်းလို့ပါ……
လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်…
အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့တစ်နေရာဘဲ ကျန်တော့တယ်အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကိသူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…
အဲဒီ အမျိုးသမီး ကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…
ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ်…
“မင်းတို့ ခန့်မှန်းကြည့်အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”
ကျောင်းသားတွေကတော့ အလုအယက်ဒေါနဲ့မောနဲ့ အော်ပြောကြတယ်“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”
အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေးတစ်ယောက်ကိုဘာမှမပြောတာကို သတိထားမိတော့ဆရာမက သူ့ကိုမေးလိုက်တယ်…
အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်“ဆရာမ… သမီး ထင်တယ်အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက ငါတို့ကလေးကိုကောင်းကောင်းဂရုစိုက်ပေးပါ လို့”…
ဆရာမက အံ့သြသွားတယ်သူ့ကို ပြန်မေးလိုက်တယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”
ကျောင်းသူလေးကခေါင်းကို ခါပြီး ပြောလိုက်တယ်“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကိုပြောခဲ့တဲ့စကားပါ…”
ဆရာမက ပြန်ပြောလိုက်တယ် ….
“အဖြေမှန်ပါတယ်ကွယ်…”
သင်္ဘော နစ်မြှုပ်သွားပါတယ်ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီးသမီးလေးကို ကြီးပြင်းလာတဲ့အထိကိုယ်တိုင်ပြုစု စောင့်ရှောက်ပေးခဲ့တယ်…
နှစ်ပေါင်းများစွာကြာပြီးနောက်အဲဒီယောက်ျားဟာလည်းရောဂါနဲ့ ဆုံးပါးသွားတော့သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို ရှင်းတော့မှသူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…
အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာမေမေ့ရောဂါဟာနောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…
အရေးပေါ်အချိန်မှာဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကိုအရောက်ပြေးခဲ့တယ်…
သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာနစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူးသမီးလေးအတွက်ကြောင့်ဒီပင်လယ်ရေနက်အောက်မှာနင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”
ပုံပြင်ပြောလို့ပြီးသွားပါပြီ…အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကိုနားလည်လိမ့်မယ်လို့…
ဒီလောကမှာရှိတဲ့ကောင်းခြင်းဆိုးခြင်း ဆိုတာတွေတခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကိုအပေါ်ယံဘဲကြည့်ပြီးအလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…
ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကိုငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…
အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီးကြိုးစားလုပ်တဲ့သူဟာသူ အ နေလို့မဟုတ်ဘူး…သူက တာဝန်သိတတ်လို့ပါ…
ရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံး တောင်းပန်တဲ့သူဟာသူမှားနေလို့မဟုတ်ဘူး…
ကိုယ့်ဘေးက လူကိုသူ တန်ဖိုးထားရမှန်းသိနေလို့ပါ…
မင်းကိုအမြဲကူညီနေတဲ့သူဟာမင်းဆီကနေ တစ်ခုခုပြန်ရဖို့တောင့်တနေတာမဟုတ်ဘူး…
မင်းကို သူငယ်ချင်းအစစ်တစ်ယောက်အနေနဲ့တန်ဖိုးထားလို့ပါ…
မင်းကို အမြဲ မက်ဆေ့ပို့ဆက်သွယ်နေတဲ့သူဟာသူအားယားနေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…
Zane