ရဲတပ္သားတစ္ ဦး ဘီယာေသာက္ ရင္း လက္ပစ္ဗုံး ကို ေဆာ့ကစားရာ မွ ေပါက္ကြဲမူျဖစ္ပြါး ကာ ႏွစ္ဦး ေသဆုံး

ပ အိုဝ္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ရေဒသ ၊ ပင္ေလာင္းၿမိဳ႕နယ္ ၊ တီက်စ္ေက်း႐ြာ အုပ္စု ၊ တီက်စ္ (ေျမာက္ပိုင္း ) ရွိ “ေဇာ္ ” ဆံသဆိုင္ တြင္ ဇူလိုင္လ ၁၅ ရက္ ည ၈ နာရီ မိနစ္ ၅၀ ခန႔္ က ရဲတပ္သား ၁ ဦး လက္ပစ္ဗုံး ကို ေဆာ့ကစားရာ မွ ေပါက္ကြဲမူျဖစ္ပြားရာ ႏွစ္ဦး ေသဆုံးမူ ျဖစ္ပြားခဲ့ေၾကာင္း ေအာင္ပန္း နယ္ေျမရဲစ ခန္း မွ သိ ရ သ ည္။


ျဖစ္စ ဥ္ မွာ “ေဇာ္” ဆံသဆိုင္ အတြင္း ဆိုင္ပိုင္ရွင္ ေမာင္ေဇာ္၊ ေအာင္ပန္းနယ္ေျမရဲစခန္းမွ ရဲတပ္သား ေက်ာ္ဇင္လတ္ ၊ ခြန္စိန္ထြဋ္၊ ေဇာ္ဝင္းတို႔ ေလးဦး ဘီယာအတူ ေသာက္ေန စဥ္ ရဲတပ္သား ခြန္စိန္ထြဋ္ မွ ၎လြယ္ ထားေသာ ေျပာက္က်ား လြယ္အိတ္ အတြင္း မွ အမ်ိဳးအစား ( စိစစ္ဆဲ ) လက္ပစ္ဗုံး ကို ထုတ္ယူ ၍ ေဆာ့ကစားရာမ ေပါက္ကြဲျခင္းျဖစ္ေၾကာင္း သိ ရ သ ည္ ။

ရဲတပ္သား ေက်ာ္ဇင္လတ္ႏွင့္ ဆံသ ဆိုင္ပိုင္ရွင္ ေမာင္ေဇာ္တို႔ မွ လက္ပစ္ဗုံး ကို ေဆာ့ကစားျခင္း မျပဳလုပ္ရန္ တားျမစ္ေျပာ ဆိုခဲ့ေသာ္လည္း ရဲတပ္သား ခြန္စိန္ထြဋ္က လက္ပစ္ဗုံး ကလစ္ကို ဆြဲျဖဳတ္ သျဖင့္ ေမာင္ေဇာ္၊ ေဇာ္ဝင္းႏွင့္ ရဲတပ္သားေက်ာ္ဇင္လတ္ တို႔ ဆံသဆိုင္အျပင္ သို႔ ထြက္ေျပးစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရ သ ည္။

ေပါက္ကြဲမႈေၾကာင့္ ရဲတပ္သားေက်ာ္ဇင္လက္ႏွင့္ ခြန္စိန္ထြဋ္ တို႔သည္ ထိခိုက္ဒဏ္ရာမ်ားေၾကာင့္ အခင္းျဖစ္ပြားရာ ၌ ေသဆုံးၿပီး၊ ေဇာ္ဝင္းတြင္ ဝမ္းဗိုက္ဝဲဘက္ ယမ္းစထိမွန္ဒဏ္ရာ ၊ ဝဲဘက္လက္ဖခုံး ယမ္းစေဖာက္ဝင္ဒဏ္ရာ (မစိုးရိမ္ရ )ႏွင့္ ေမာင္ေဇာ္တြင္ ထိခိုက္ဒဏ္ရာရရွိျခင္း မ ရွိခဲ့ေၾကာင္း သိရ သည္ ။

swh (ဓာတၸံု – Khon Aung)

Source – Pyi Myanmar.

ရဲတပ်သားတစ် ဦး ဘီယာသောက် ရင်း လက်ပစ်ဗုံး ကို ဆော့ကစားရာ မှ ပေါက်ကွဲမူဖြစ်ပွါး ကာ နှစ်ဦး သေဆုံး

ပ အိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ၊ ပင်လောင်းမြို့နယ် ၊ တီကျစ်ကျေးရွာ အုပ်စု ၊ တီကျစ် (မြောက်ပိုင်း ) ရှိ “ဇော် ” ဆံသဆိုင် တွင် ဇူလိုင်လ ၁၅ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့် က ရဲတပ်သား ၁ ဦး လက်ပစ်ဗုံး ကို ဆော့ကစားရာ မှ ပေါက်ကွဲမူဖြစ်ပွားရာ နှစ်ဦး သေဆုံးမူ ဖြစ်ပွားခဲ့ကြောင်း အောင်ပန်း နယ်မြေရဲစ ခန်း မှ သိ ရ သ ည်။


ဖြစ်စ ဉ် မှာ “ဇော်” ဆံသဆိုင် အတွင်း ဆိုင်ပိုင်ရှင် မောင်ဇော်၊ အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်သား ကျော်ဇင်လတ် ၊ ခွန်စိန်ထွဋ်၊ ဇော်ဝင်းတို့ လေးဦး ဘီယာအတူ သောက်နေ စဉ် ရဲတပ်သား ခွန်စိန်ထွဋ် မှ ၎င်းလွယ် ထားသော ပြောက်ကျား လွယ်အိတ် အတွင်း မှ အမျိုးအစား ( စိစစ်ဆဲ ) လက်ပစ်ဗုံး ကို ထုတ်ယူ ၍ ဆော့ကစားရာမ ပေါက်ကွဲခြင်းဖြစ်ကြောင်း သိ ရ သ ည် ။

ရဲတပ်သား ကျော်ဇင်လတ်နှင့် ဆံသ ဆိုင်ပိုင်ရှင် မောင်ဇော်တို့ မှ လက်ပစ်ဗုံး ကို ဆော့ကစားခြင်း မပြုလုပ်ရန် တားမြစ်ပြော ဆိုခဲ့သော်လည်း ရဲတပ်သား ခွန်စိန်ထွဋ်က လက်ပစ်ဗုံး ကလစ်ကို ဆွဲဖြုတ် သဖြင့် မောင်ဇော်၊ ဇော်ဝင်းနှင့် ရဲတပ်သားကျော်ဇင်လတ် တို့ ဆံသဆိုင်အပြင် သို့ ထွက်ပြေးစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရ သ ည်။

ပေါက်ကွဲမှုကြောင့် ရဲတပ်သားကျော်ဇင်လက်နှင့် ခွန်စိန်ထွဋ် တို့သည် ထိခိုက်ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာ ၌ သေဆုံးပြီး၊ ဇော်ဝင်းတွင် ဝမ်းဗိုက်ဝဲဘက် ယမ်းစထိမှန်ဒဏ်ရာ ၊ ဝဲဘက်လက်ဖခုံး ယမ်းစဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ )နှင့် မောင်ဇော်တွင် ထိခိုက်ဒဏ်ရာရရှိခြင်း မ ရှိခဲ့ကြောင်း သိရ သည် ။

swh (ဓာတ္ပုံ – Khon Aung)

Source – Pyi Myanmar.