ခင်ပွန်းဖြစ်သူ ကိုဇင်မြင့်အောင်ရဲ့နောက်ကြောင်းနဲ့ပါတ်သက်ပြီး ထိခိုက်ပြောဆိုလာလို့ ပြန်လည်ဖြေရှင်းနေရတဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေနဲ့ ကိုဇင်မြင့်အောင်တို့က LGBT စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ယောက်ကြားထဲမှာ နားလည်မှုတွေနဲ့ ဖြတ်သန်းလာခဲ့ကြပါတယ်။ ကိုဇင်မြင့်အောင်က စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ခိုင်နှင်းဝေနဲ့ ကလေးတွေကို စောင့်ရှောက်ရင်း အတူတူနေလာခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာတော့ ခိုင်နှင်းဝေရဲ့ ခင်ပွန်းသည်နဲ့ပတ်သက်ပြီး နောက်ကြောင်းတွေ ပေါ်လာခဲ့ပါတယ်။ ခိုင်နှင်းဝေရဲ့ခင်ပွန်းဖြစ်တဲ့ ကိုဇင်မြင့်အောင်က လွန်ခဲ့တဲ့ ၅နှစ်လောက်က ဖူးဖူးဆိုတဲ့မိန်းကလေးနဲ့ ချစ်ကြိုက်ခဲ့ဖူးပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဖူးဖူးက ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဇင်မြင့်အောင်က ဖူးဖူးကွယ်လွန်သွားပေမယ့်လည်း သူ့အတွက် ရည်စူးပြီးတော့ လစဉ်လတိုင်း အလှူအတန်းတွေ ပြုလုပ်ပေးနေပါတယ်။

အဲဒီအကြောင်းကို ပရိသတ်တွေ သိသွားတဲ့အခါမှာတော့ ခိုင်နှင်းဝေဘက်ကနေ မကျေနပ်ခဲ့ကြပါဘူး။ ကိုဇင်မြင့်အောင်က မင်းသမီးနားမှာနေပြီး သာယာနေရုံမက ရည်းစားဟောင်းအတွက်ပါ အလှူတွေလုပ်ပေးနေတယ်ဆိုပြီး ပြောလာခဲ့ကြပါတယ်။ ခိုင်နှင်းဝေက အပင်ပန်းခံပြီးတော့ ငွေရှာနေတာကို မကြည့်ရက်လို့ ဆိုပြီး သူ့ဘက်ကနေ စိတ်တိုခဲ့ကြပါတယ်။ ခိုင်နှင်းဝေကလည်း သူ့ရဲ့ခင်ပွန်းသည်ကို ထိရင်သည်းမခံနိုင်သူဖြစ်ပါတယ်။

ကိုဇင်မြင့်အောင်က ကွယ်လွန်သွားတဲ့ရည်းစားဟောင်းအတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးနေတာကိုလည်း ခိုင်နှင်းဝေက နားလည်ပေးနိုင်သူဖြစ်ပါတယ်။ ကိုဇင်မြင့်အောင်က ခိုင်နှင်းဝေထံမှာ ကပ်ပြီး မှီခိုနေတာမဟုတ်ဘဲ သူ့ရဲ့စိတ်ရင်းအမှန်ကို သိတာကြောင့် ပရိသတ်တွေအထင်မလွဲရအောင် ခိုင်နှင်းဝေက အမုန်းခံပြီးတော့ ဖြေရှင်းပေးနေရပါတယ်။

ခိုင်နှင်းဝေက ကိုဇင်မြင့်အောင်ကို ထိရင်မကြိုက်သလို ကိုဇင်မြင့်အောင်ကလည်း ခိုင်နှင်းဝေကို မဟုတ်တဲ့အရာတွေနဲ့ စွပ်စွဲရင်လည်း သည်းမခံနိုင်ပါဘူး။ သူတို့နှစ်ယောက်ကြားထဲမှာ နားလည်မှုတွေ ကိုယ်စီရှိကြတာကြောင့် သူ ချစ်တဲ့သူကို မင်းသမီးနားမှာ ကပ်နေတယ်လို့ မပြောကြဖို့အတွက် တောင်းဆိုလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားထဲမှာလည်း စကားများတာ၊ ရန်ဖြစ်တာမရှိဘဲ အဆင်ပြေနေတာကြောင့် LGBT စုံတွဲတွေကြားထဲမှာ စံပြဖြစ်လာခဲ့ပါတယ်။ ကိုဇင်မြင့်အောင်ရဲ့ရည်းစားဟောင်းကိုတောင် သဘောထားကြီးပေးနိုင်လို့ ခိုင်နှင်းဝေကို ပိုလို့တောင် လေးစားနေကြပါတယ်။