စီမံခန့်ခွဲမှု ညံ့ ဖျင်းခြင်းကြောင့် ထိုင်း မှာ စာသင်ကျောင်း ( ၁၂၇ ) ခုပိတ်လိုက် ရပြီ
ထို င်းနိုင်ငံ လရောင်းခရိုင် မှာ ဒုတိယလှိုင်း အဖြစ် Covid-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် ဝန်ကြီးချုပ် မှ ပြည်သူတွေ ကို တောင်းပန်လိုက် ပါတယ် ၊ ဆန္ဒပြတဲ့ သူတွေ လည်း ရှိနေ ပါ တ ယ် ၊
ပြီးခဲ့တဲ့ ရက် က ထိုင်းငံ လေရောင်းမြို့ အူတဖောင်း နိုင်ငံတကာ လေဆိပ်ကနေ ဝင်ရောက်လာ တဲ့ အီဂျစ်နိုင်ငံ စစ်တပ် မှ VIP စစ်သည် ၃၁ ဦး ဟာ ဇူလိုင် ၈ ရက်နေ့မှ ၁၁ ရက်နေါအထိ အုတဖောင်နိုင်ငံ တကာလေဆိပ်လမ်းကြောင်း ကနေဝင်ရောက် ခဲ့ကာ Quarantine မဝင်စေဘဲ ဟိုတယ် မှာ တည်းခိုခဲ့တဲ့ အပြင် ရှော့ပင်းမောကြီး ၂ ခုမှာလည်း စိမ်ပြေနပြေ လည်ပတ်ခဲ့ခြင်းကြောင့် ကျမ္မာရေးဌာန က ဇူလိုင်လ ၁၃ ရက်နေ့ မှာ အီဂျစ်စစ်သံ အဖွဲ့မှ ၁ ဦးအား စစ်ဆေးခဲ့ရာ Covid ရောဂါပိုးတွေ့ ရှိခဲ့သူ ၃ ဦးရှိခဲ့တဲ့ အတွက် ပြည်သူတွေအားလုံး ထိတ်လန့်ကု န် ပါတယ်.
ဒါတောင်ကြည်ဖြူစွာ အစစ်ဆေးမခံဘူး လို့သိ ရပါတယ်။။။
ဟိုတယ် ဝန်ထမ်းတွေ ပါ Q ဝင်လိုက် ရ ပါတယ်
ချက်ချင်း ဘဲ စင်ထရယ် နှစ်ခုက လူပေါင်း ၉ ရာခန့် အပြင်ဘက် မှာ အပူချိန်တိုင်းစစ်ဆေးမှုတွေပြုလု ပ်ခဲ့ပြီး ခရိုင်နစ်ခုလုံး က ကျောင်းပေါင်း ၁၂၇ ခုကိုပိတ် လိုက်ပါတယ် ၊ အထင်ကရနေရာ ၁၀ နေရာကို အသွားအလာ ကန့်သတ်လိုက်ပါတယ် ၊ ချက်ချင်းဘဲ LD ပမာဖြစ် သွားပြီး စီပွားရေး ကျဆင်းမှုတွေကြောင့် အဲ့ဒီစစ်သည်တွေ ကို VIP အဖြစ်ပြည်ဝင်ခွင့်ပြုတဲ့ အစိုးရကိုပြည်သူတွေက တာဝန်ယူမှု တာဝန်ခံမှု ဘာလုပ်ပေးမလဲ လို့မေးခဲ့ကြပါတယ်
ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဝန်င်္ကြးချုပ် နဲ့အစိုးရအဖွဲ့ဟာ လရောင်းမြို့ ကို သွားရောက်စစ်ဆေးချိန် ဒေသခံပြည်သူတွေ ကို ” ဆောရီးပါ ” ( ခေါ်ထို့ ) ဆိုတဲ့စကားတစ်ခွန်း နဲ့ပြီးသွားရောလား ဆိုပြီး ဝိုင်းဝန်းဆန္ဒပြကြသလို ယခုလို အခြေအနေတွေကောင်းနေ ချိန် ဒုတိယ အကြိမ် ရိုက်ခတ်မှုကြောင့် ကျောင်းသားပေါင်း ၁ သိန်းကျော်ဟာ ကျောင်း မတက်ရတော့တဲ့ ” ဝန်ကြီးချုပ် ထွက်သွား ” ဆိုတဲ့ စာတမ်း ” တိရိစ္ဆာ န်ကောင် ဝန်ကြီးချုပ် ”
ဆိုတဲ့ ဆိုင်းဘုတ်ကိုင် ဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ အတွက် ဝန်ကြီးချုပ်ခင်မျာ မျောက်သေကို ပါးရိုက်ထားတဲ့ ရုပ် နဲ့ ပြည်သူတွေ ရဲ့အမေး ကိုတစ်ခွန်းမှ မဖြေဝံ့ခဲ့ပါ ဘူး ။
နောက်နောင် ဘယ်တော့ မှ VIP ဆိုတာ မရှိစေရပါဘူး လို့ ကျွန်တော် အာမခံ ပါတယ်…လို့ တေင်းပန်ခဲ့ပေမယ့် လည်း ထိုင်းနိုင်ငံ လရောင်းမြို့နှင့် ကပ်လျှက် ဖတ္ထယားမြို့နယ် ကိုလည်း အဆိုပါစစ်သည်တွေ လည်ပတ်ခဲ့ကြတဲ့ အတွက် ” အန္တရာယ်ဇုံ ” အဖြစ် သတ်မှတ် ထားလိုက် ပါပြီ…
ပြည်သူတွေ ကတော့ အစိုးရ ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမ့ကြောင့် ဆောရီး ဆိုတဲ့ စကားတစ်ခွန်း နဲ့နှစ်သိမ့်လို့ပြီးရောလား …? ပြည်သူက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာကြပေမယ့် အစိုးရက နိုင်ငံခြားကပြည်တော်ဝင်တွေ ကို စစ်ဆေးမှုမရှိဘဲ ယခုလို စည်းမဲ့ကမ်းမဲ့ VIP အဖြစ်ဝင်ခွင့်ပြု လိုက်ခြင်းကြောင့်.. လေဆိပ်မှ တာဝန်ရှိသူတွေ ၊ စင်ထရယ်တွင် ၄ / ၅ ရက်တာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်လည်နေခြင်းကြောင့် တော်တော်လေး ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ ပါ တယ်..။
ယခုလို အခက်အခဲတွေ၊ စားဝတ်နေရေးတွေ ပြသနာပေါင်းစုံ ကို ဘယ်လိုတာဝန်ယူမလဲ …? ဆိုတဲ့ မေးခွန်းတွေဘဲ မေးနေကြ ပါတယ်…
အီဂျစ် အစိုးရကတော့ ထိုင်းကို တောင်းပန်လိုက်ပါ တယ်..
တောင်ပန်းတာ က လွယ်တယ်နော်
VIP ဆိုကြပ်ကြပ် သတိထားပါ
SiThuMaung