တ႐ုတ္ႏိုင္ငံ မွ အေရွ႕ေတာင္အာရွ သို႔မဟုတ္ ဂ်ပန္ႏိုင္ငံ သို႔ ေျပာင္းေ႐ႊ႕ၾကမည့္ ဂ်ပန္ ကုမၸဏီမ်ား ကို ဂ်ပန္ အစိုး ရ က ယန္းေငြ ၇၀ ဘီလီယံ ( အေမရိ ကန္ေဒၚလာ ၆၅၃ သန္း) ေထာက္ပံ့သြား မည္ျဖစ္ေၾကာင္း Nikkei Asian Review သတင္း တြင္ ေဖာ္ျပ ထား သည္ ။


တ႐ုတ္ မွ ေျပာင္းေ႐ႊ႕မ ည့္ ပထမ အသုတ္ ကုမၸဏီ ၈၇ ခု တြင္ ၃ဝ မွာ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ား သို႔ လုပ္ငန္းေျပာင္းေ႐ႊ႕ၾက မည္ျဖစ္ သည္ ။
တ႐ုတ္ႏိုင္ငံ မွ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ား သို႔ ေျပာင္းေ႐ႊ႕ၾက မည့္ ဂ်ပန္ ကုမၸဏီမ်ား တြင္ ကြန္ျပဴတာ hard-drive မ်ား ထုတ္လုပ္ သည့္ Hoya ကုမၸဏီပါဝင္ၿပီး ယင္းကုမၸဏီ ၏ လုပ္ငန္း မ်ား ကို ဗီယက္နမ္ႏွင့္ လာအိုႏိုင္ငံ မ်ား သို႔ ေျပာင္းေ႐ႊ႕မည္ျဖစ္ သည္ ။


ထို႔ျပင္ ဆူမီတိုမို ရာဘာလုပ္ငန္း ကလည္း မေလးရွားႏိုင္ငံ သို႔ေျပာင္းေ႐ႊ႕ ၍ ႏိုက္ထ႐ိုက္ ရာ ဘာလက္အိတ္ ထုတ္လုပ္မည္ျဖစ္ၿပီး၊ ရွင္အစ္စု ဓာတ္သတၱဳ လုပ္ငန္းကလည္း(Shin-Etsu Chemical) ရွားပါးေျမကမာၻ သံလိုက္ဓာတ္ (rare-earth magnets) သတၱဳတူးေဖာ္ထုတ္လုပ္ေရးလုပ္ငန္းကို ဗီယက္နမ္ႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕မည္ျဖ စ္ သည္ ။

တ႐ုတ္ႏိုင္ငံမွ ေျပာင္းေ႐ႊ႕ မည့္ ကုမၸဏီမ်ား တြင္ ေလေၾကာင္းဆိုင္ရာ ကုန္ပစၥည္းထုတ္လုပ္သည့္ လုပ္ငန္း၊ ေမာ္ေတာ္ကားပစၥည္းထုတ္လုပ္သည့္ လုပ္ငန္း၊ ေဆးဝါးပစၥည္းထုတ္လုပ္သည့္ လုပ္ငန္း၊ စကၠဴ ထုတ္လုပ္ သည့္ လုပ္ငန္းမ်ား ပါဝင္ၿပီး Sharp၊ Shionogi၊ Terumo၊ Kaneka စသည့္ ကုမၸဏီႀကီးမ်ားပါဝင္သည္။


ဂ်ပန္ကုန္ ထုတ္လုပ္ေရး ကုန္စည္ေထာက္ပံ့ေရး တြင္ တ႐ုတ္အေပၚ မွီခိုေနရမႈကို ေလ်ာ့ခ်ရန္ တ႐ုတ္ႏိုင္ငံတြင္ရွိေသာ ဂ်ပန္ကုမၸဏီမ်ား ဂ်ပန္ႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕ရန္ ဂ်ပန္အစိုးရက ယခုႏွစ္ ၂၀၂၀ ဘ႑ာႏွ စ္အတြက္ ဂ်ပန္ယန္းေငြ ဘီလီယံ ၂၂၀ ထိ ေငြေၾကးေထာက္ပံ့ရန္ စီစဥ္ ထားသည္ ။

ယင္းေငြပမာဏထဲ မွ ဂ်ပန္ ယန္းေငြ ၂၃ ဒသမ ၅ ဘီလီယံကို တ႐ုတ္မွ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕ထုတ္လုပ္မည့္ ဂ်ပန္ကုမၸဏီမ်ားအတြက္ သုံးစြဲသြားမည္ျဖစ္ေၾကာင္း ယင္း သတင္းတြင္ ေဖာ္ျပထား သည္ ။

The Voice Journal

တရုတ်နိုင်ငံ မှ အရှေ့တောင်အာရှ သို့မဟုတ် ဂျပန်နိုင်ငံ သို့ ပြောင်းရွှေ့ကြမည့် ဂျပန် ကုမ္ပဏီများ ကို ဂျပန် အစိုး ရ က ယန်းငွေ ၇၀ ဘီလီယံ ( အမေရိ ကန်ဒေါ်လာ ၆၅၃ သန်း) ထောက်ပံ့သွား မည်ဖြစ်ကြောင်း Nikkei Asian Review သတင်း တွင် ဖော်ပြ ထား သည် ။


တရုတ် မှ ပြောင်းရွှေ့မ ည့် ပထမ အသုတ် ကုမ္ပဏီ ၈၇ ခု တွင် ၃ဝ မှာ အရှေ့တောင် အာရှနိုင်ငံများ သို့ လုပ်ငန်းပြောင်းရွှေ့ကြ မည်ဖြစ် သည် ။
တရုတ်နိုင်ငံ မှ အရှေ့တောင် အာရှနိုင်ငံများ သို့ ပြောင်းရွှေ့ကြ မည့် ဂျပန် ကုမ္ပဏီများ တွင် ကွန်ပြူတာ hard-drive များ ထုတ်လုပ် သည့် Hoya ကုမ္ပဏီပါဝင်ပြီး ယင်းကုမ္ပဏီ ၏ လုပ်ငန်း များ ကို ဗီယက်နမ်နှင့် လာအိုနိုင်ငံ များ သို့ ပြောင်းရွှေ့မည်ဖြစ် သည် ။


ထို့ပြင် ဆူမီတိုမို ရာဘာလုပ်ငန်း ကလည်း မလေးရှားနိုင်ငံ သို့ပြောင်းရွှေ့ ၍ နိုက်ထရိုက် ရာ ဘာလက်အိတ် ထုတ်လုပ်မည်ဖြစ်ပြီး၊ ရှင်အစ်စု ဓာတ်သတ္တု လုပ်ငန်းကလည်း(Shin-Etsu Chemical) ရှားပါးမြေကမ္ဘာ သံလိုက်ဓာတ် (rare-earth magnets) သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းကို ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့မည်ဖြ စ် သည် ။

တရုတ်နိုင်ငံမှ ပြောင်းရွှေ့ မည့် ကုမ္ပဏီများ တွင် လေကြောင်းဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ မော်တော်ကားပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆေးဝါးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ စက္ကူ ထုတ်လုပ် သည့် လုပ်ငန်းများ ပါဝင်ပြီး Sharp၊ Shionogi၊ Terumo၊ Kaneka စသည့် ကုမ္ပဏီကြီးများပါဝင်သည်။


ဂျပန်ကုန် ထုတ်လုပ်ရေး ကုန်စည်ထောက်ပံ့ရေး တွင် တရုတ်အပေါ် မှီခိုနေရမှုကို လျော့ချရန် တရုတ်နိုင်ငံတွင်ရှိသော ဂျပန်ကုမ္ပဏီများ ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပြောင်းရွှေ့ရန် ဂျပန်အစိုးရက ယခုနှစ် ၂၀၂၀ ဘဏ္ဍာနှ စ်အတွက် ဂျပန်ယန်းငွေ ဘီလီယံ ၂၂၀ ထိ ငွေကြေးထောက်ပံ့ရန် စီစဉ် ထားသည် ။

ယင်းငွေပမာဏထဲ မှ ဂျပန် ယန်းငွေ ၂၃ ဒသမ ၅ ဘီလီယံကို တရုတ်မှ အရှေ့တောင်အာရှနိုင်ငံများသို့ ပြောင်းရွှေ့ထုတ်လုပ်မည့် ဂျပန်ကုမ္ပဏီများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထား သည် ။

The Voice Journal