အခိုးခံရလျှင် ၊ ပစ္စည်းေ ပျာက်လျှင် လုပ်ကြည့်ပါ












အခိုးခံရလျှင် ၊ ပစ္စည်းေ ပျာက်လျှင် လုပ်ကြည့့်ပါ

ပစ္စည်းပျောက်တဲ့အခါ ၊ သူခိုး ခိုးခံရတဲ့အခါ ပြုလုပ်ရတဲ့ ယတြာနည်းတစ်ခု ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ပါတယ် …

ကြက်သွန်နီတစ်ဥကို ကန့်လန့် ထ က်ခြမ်း ခြမ်းပါ။

အမြိတ်ထွက်တဲ့ဘက် အခြမ်းနဲ့

ပစ္စည်းပျောက်တဲ့ (ပစ္စည်းထားတဲ့) နေရာကို ပွတ်ပေးပါ … ။ ပစ္စည်းပြန်ရဖို့ အသံထွ က်ဆုတောင်းပါ။

အောက်မှနေ ကြွေပန်းကန်ပြားခံပြီး ပွတ်နိုင်ပါတယ်။ ပစ္စည်းပျောက်တဲ့နေရာမသိရင် ကြွေပန်းကန်ပြားပေါ်မှာပဲ ပွတ်ပြီးဆုတောင်းပါ …။

အမြစ်ရှိတဲ့ဘက် အခြမ်းကို ကြွေပန်းကန်ပြားပေါ်အခုလိုတ င်လိုက်ပါ။

ကြွေပန်းကန်ပြားကို ပစ္စည်းပျောက်တဲ့နေရာမှာချပါ ။ အမြစ်ပေါ်မှာ ဖယောင်း တိုင်ထွန်းပါ။

(နေရာမသိရင် အဆင်ပြေတဲ့နေရာမှာ ထွန်းပြီးဆုတောင်းပါ)

ဘယ်နေ့ ဘယ်ချိန်မဆို ပြုလုပ်နိုင်ပါတယ် … ။ ဖယောင်းတိုင်အေ ရအတွက် အဆင်ပြေသလို ဉာဏ်ရှိသလိုထွန်းနိုင်ပါတယ် …. ။

ပျောက်နေသောပစ္စည်းများ အမြန်ပြန်ရနိုင်ကြပါစေ …

မကြာခဏ သူခိုးခိုးခံရသည့်နေရာများ ၊ မကြာခဏပစ္စည်းပျောက်သည့်နေရာ များတွင်လည်း ကြက်သွန်နီအခြမ်းပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ကာကွယ်နိုင်ပါတယ်။