မြွေနဲ့ ပတ်သက်လို့ ရွှေမြန်မာတွေ ယုံကြ ည်နေကြတဲ့ အလွဲတချို့ (ရှေးလူကြီးတွေ ဂျင်းထည့်ခဲ့ပုံများ)

မရှိတာထက် မသိတာခက် မသိတာထက် ပိုခက်တာက မသိရင် လေ့လာဖို့မစဉ်စားဘူး မလေ့လာချင်လည်း ငြိမ်မနေဘူး ကိုယ်စိတ်ထဲထင်ရာတွေ သောက်တစ်လွဲရှောက်ပြောကြတာပဲ မြွေတစ်ကောင်တွေ့ရင် ဂေါ်ဇီလာတွေ့သလို ဝိုင်းအုံးလာပီး နာမည်ပေးကင်ပွန်းတပ်က စ လာပီ ခွေးမြွေဟောက်တွေရော ဆင်ပစ်မြွေတွေရော ပါးစပ်ထဲတွေ့တာတွေကို အတည်ပေါက်တွေနဲ့ လျှောက်ပြော ကတာ


ပိုဆိုးတာက နားလည်တဲ့လူက ရှင်းပြနေရင် လက်မခံပဲ အမှားကြီးကို ဖင်ပိတ်ငြင်းတာပဲ ပြောလိုက်ရင် ရှေးလူကြီးစကား ဘာညာနဲ့ ရှေးစကားတိုင်းကရော မှန်မယ်ထင်နေလား တောမှာ မြွေပေါတဲ့အရပ်မှာနေတိုင်းမြွေအကြောင်းမသိဘူးနော် မြွေနဲ့ပတ်သတ်ရင် ရှေးလူကြီးတွေ ခေတ်အဆ က်ဆက်က ဂျင်းထည့်လာတာအများကြီးပဲ

ဥပမာ လင်းမြွေက လင်းသုံးလင်းချိန် မနက်လင်းကိုက်ရင်သေတယ်တို့ဘာတို့ ဦးနှောက်ပါရင် စဉ်းစားကြည့်ကြ မြွေရဲ့ အဆိပ်ဂလန်းက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလို့ အချိန်ခွဲပီးအဆိပ်ရှိတာလား ပီးတော့ရှိသေးတယ် တောကြီးမြွေဟောက်က အရိပ်ကိုပေါက်ယုံနဲ့သေတယ်တဲ့ ရှေးကလူတွေ အ ခဲ့တာကို ခုခေ တ်ကြီးထဲမှာ ယုံနေကြတာအံ့ဩတယ်

မြွေက cell တွေနဲ့ဖွဲ့စည်းထားတဲ့ တိရစ္ဆာန်တစ်ကောင်ပဲလေ စွမ်းအားရှင်မှမဟုတ်တာ နတ်မြွေတွေဘာတွေ က သူတို့ဆိုင်ရာဆိုင်ရာ မြွေပုံစံနဲ့နတ်တွေရှိရင်လဲရှိမှာပေါ့ အဲ့တာနဲ့ပဲမြွေတွေ့တိုင်းနတ်မြွေထင်ရသလား ကိုကြီးကျော်အရက်သောက်တိုင်း အရက်သမားတိုင်းနတ်မဟုတ်ဘူးလေ အဲ့လိုအဲ့လို ရှေးရိုးစွဲ သောက်တစ်လွဲ အတွေးအခေါ်တွေအများကြီးပဲ ကျတော်လဲ ဆရာကြီးမဟုတ်ပေမယ့် တချို့ အငြင်းပွားစရာလေးတွေ သိသလောက်ပြောပြမယ် အပေါ်ကပြောသလို လုံးဝအဓိပ္ပာယ်မရှိတာတွေေ တာ့မပြောတော့ဘူး

မြွေဘုရင် ငန်းတော်ကြား

မြန်မာလူမျိုးတွေ ငန်းတော်ကြား(banded krait) ကို မြွေဘုရင်လို့ဘာလို့သတ်မှတ်ထားရလဲဆိုတော့ သူက မြွေအချင်းချင်းပြန်စားလို့ပါ သူ့ထက်အဆိပ်ပြင်းတဲ့ မြွေပွေးတို့မြွေဟောက်တို့ကိုတောင် စားနိုင်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ banded krait ရဲ့ အရေပြားက မြွေအဆိပ်အချို့ကို ပီးတယ်လို့ ဖတ်ဖူးတယ် venom resistance ရှိတာပါ immune ဖြစ်နေတာပေါ့

အဲ့လို ability ရှိတာ သူတစ်မျိုးထဲမဟုတ်ပါဘူး king snake တို့ milk snake တို့လို အဆိပ်မရှိတဲ့မြွေတွေမှာလဲ အဆိပ်ဒဏ်ခံနိုင်တဲ့ အရေပြားရှိတယ် Mongoose လိုပဲထင်တယ် ဒါပေမယ့် မြန်မာတွေပြောကြတာက ငန်းတော်ကြားက မြွေဘုရင် မလို့ တစ်ခြားမြွေတွေက သူ့ပါးစပ်ထဲဝင်ပီး အစားခံရ တယ်တဲ့ အဲ့တာ အမှားကြီးပါ သူ့သဘာဝ ကြောင့်မလို့သာ အခြားမြွေတွေကိုနိုင်တာပါ အခြားမြွေတွေကလဲ ပြန်ကိုက်ပါတယ် တမင်တော့လာအစားမခံပါဘူး


ပီးတော့မြွေတွေက ညှို့တယ်ဆိုတဲ့ကိစ္စ ဘယ်မြွေကမှ သားကောင်ကိုလှုပ်မရအောင်မညှို့နိုင်ပါဘူး တစ်ချို့ မြွေနဲ့တွေ့ပီး လှုပ်မရဘူးဆိုတာ အရမ်းကြောက်တတ်လို့ လန့်ပီး ကြက်သေသေနေတာပါ eye contact ဆိုတာတော့ သတ္တဝါတွေကြားမှာ အနည်းငယ်ရှိပါတယ် မြွေဆရာတွေက မြွေဟောက်ကိုကိုင်တဲ့ အခါအကြည့်မလွှဲပဲ အာရုံစုပီး ကိုင်တာမျိုးတွေပေါ့ ဒါပေမယ့် မြွေက သားကောင်ကိုမညှို့နိုင်ပါဘူး

ပီးတော့ မြွေတွေ စပ် တယ်ဆိုတဲ့ပြသနာ မြွေတွေက အမျိုးမတူတာတွေ စပ်လားလို့မေးရင် စပ်ပါတယ် ဒါပေမယ့် သဘာဝမှာ စပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး တကယ်လို့ မျိုးမတူပဲ မိတ်လိုက်မိရင်တောင် သေတာဖြစ်ဖြစ် မျိုးမအောင်တာဖြစ်ဖြစ်ပဲ ဖြစ်မှာပါ နိုင်ငံခြားက breeder တွေတောင်မှ hybrid လုပ်ဖို့ကို တော်တော်ကြိုးစားပီး စပ်ရတာပါ ဒါတောင်မှ အမျိုးနည်းနည်း နီးရာပဲ စပ်လို့ ရတယ် အဆိပ်မရှိတဲ့ လင်းမြွေနဲ့ မြွေဟောက်နဲ့ စပ်တာတို့ဆိုတာ လုံးဝကိုမဖြစ် နို င်တာပါ

နောက်တစ်ချက်က မြွေတွေက နွားနို့မသောက်ပါဘူးနော် ကုလားကားထဲမှာသောက်တယ်ဆိုတာက သူတို့က အကျင့်လုပ်ထားပီး ရိုက်တာပါ သောက်ရင်လဲ ရေသဘောမျိုးနဲ့ပဲ သောက်တာပါ နွားနို့သောက်လို့ မြွေက ဗိုက်မဝသလို အာဟာရလဲမရပါဘူး

ပီးတော့ဆင်ပြစ်မြွေဆိုပီး စွပ်စွဲခံရတဲ့ blind snake လေးတွေ အဆိပ်မရှိတဲ့အပြင် ကမ္ဘာမှာ အန္တရာယ်မရှိဆုံးလို့တောင်ပြောလို့ရတယ် ထမင်းစိတောင် မနည်းထိုးထည့်ရမယ့် ပါးစပ်ပေါက်လေးနဲ့ ချွန်းတောင်ကောက်တဲ့ ဆင်အရေပြားကို ဘယ်လိုကိုက်မလဲ ဦးနှောက်ဆိုတာ သုံးဖို့ထည့်ပေးထားတာမို့လို့ သုံးကြပါလို့

ပီးတော့မြွေက တိရစ္ဆာန်ထဲက တိရစ္ဆာန်မလို့ ဘာမှမထူးဆန်းပါဘူး ဘာအစွမ်းမှလဲမရှိဘူး မြွေကြီးရင်လဲ နဂါးမဖြစ်ဘူး

ကျတော်က ရှင်းပြရင် မင်းကဆရာကြီးလား မြွေအကြောင်းမသိတော့ရော ဘာဖြစ်လဲလို့ ပြောကြတယ် ဘာမှတော့မဖြစ်ပါဘူး ဒါပေမယ့် မသိတာကို အေးဆေးမနေပဲ အမှားတွေ လျှောက်ပြောရင်တော့ သူများက တကယ်ထင်သွားရင် ပြသနာရှိပါတယ် အဆိပ်မရှိတဲ့မြွေကို ရှိတယ်လို့ပြော လိုက်ရင် အပစ်မဲ့တဲ့ မြွေတစ်ကောင် အလကားသေရသလို အဆိပ်ရှိတာကို မရှိဘူးပြောမိရင် လူ့အသက်ဆုံးရှုံးနိုင်ပါတယ်

ပီးတော့မြွေတွေက ဘာမြွေဖြစ်ဖြစ် ခေါင်းတွေ အတို အတုတ်တွေ နည်းနည်းကွဲတာကလွဲလို့ ဒီပုံစံတွေချည်းပဲဆိုတော့ အရောင်နဲ့တင်ဆုံးဖြတ်လို့မရပါဘူး ဥပမာ အနက်နဲ့အဝါကျား မြွေတိုင်း ငန်းတော်ကျားမဟုတ်ပါဘူး အနက်အဝါကျားမြွေတွေ အများကြီးရှိပါတယ် အဲ့တာကြောင့် သေချာသိတဲ့လူပဲ ခွဲတတ်မယ်ဗျ

ငါတို့ကတော့မြွေကြောက်တယ် တွေ့တာနဲ့ရိုက်သတ်မှာပဲဆိုရင်တော့ ကိုယ့်နိုင်ငံကမျိုးရင်းတွေကို ရှားပါးစေချင်ရင်တော့ သဘောပါပဲ သိစေချင်တာက မြန်မာနိုင်ငံက မြွေတွေအားလုံးရဲ့ ၈၅% က အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် မြွေတွေက လူကိုအကျိုးမပြုဘူးလို့တော့ မပြောပါနဲ့ မြွေကလဲ ဂေဟစနစ်မှာ omnivore အဖြစ်အရေးကြီးတဲ့ နေရာကပါ တယ်။

သူ့ကိုစားတဲ့ သိန်းငှက်တွေ မြွေပါတွေအတွက် အစာရသလို ကြွက်တွေ ဖားတွေ​ အရမ်းပေါမလာအောင်လဲ စားပေးပါတယ်။ အလွန်ဆုံး ဘာအသုံးမှမကျတဲ့ ခြင်တောင်မှ လူဦးရေလျှော့ချတဲ့နေရာကနေ ဂေဟ စနစ်မှာပါဝင်တယ်။ ခွေးတွေလို အိမ်စောင့်ပေးမှ ကြောင်လိုကြွက်ခုတ်ပေးမှ နွားလို လယ်ထွန်ပေးမှ လူကိုအကျိုးပြုတယ်ထင်ရင်တော့ မှားမယ်။ အဲ့တာကြောင့် ကိုယ်က များများပြောချင်တယ်ဆိုလဲ ပြောနိုင်အောင် များများလေ့လာကြပါ။ မသိပဲနဲ့တော့ အမှားတွေမပြောကြပါနဲ့လို့

အားလုံးပဲ မြွေလေးတွေအပေါ်ထင်တဲ့ အယူအဆအမှားတွေ ပျောက်ကြပါစေ မြွေအကြောင်းစာအရှည်ကြီးတွေ ခဏခဏတ င်နေတာ မျက်စိနောက်သွားရင် sorry

wannasan