Source : Project-K
Credit ; Cele Gabar
မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားပြီး ဆယ်ကျော်သက်တွေ အရူးအမူးကြိုက်ကြတဲ့ Project-K အဖွဲ့ကတော့ မကြာသေးမီကမှ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမယ့်လည်း သူတို့ကိုချစ်တဲ့ ပရိသတ်တွေကတော့ အမြဲအားပေး ချစ်ခင်ေ နကြဆဲပါ ။ Project-K ကိုခွန်အားပေးပြီး ရပ်တည်နိုင်အောင် အမာခံဖန်လေးတွေဖြစ်တဲ့ GUMs လေးတွေ ကအများကြီး အားပေးနှစ်သိမ့် ခဲ့ကြတာပါ ။
လက်ရှိ ဧရာဝတီ ဖောင်ဒေ းရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ကိုဗစ် လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီ စင်တာအတွက် အနုပညာရှင်တော်တော်များများလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး Project K အတွက် သူတို့ရဲ့ Fan တွေက ၁၀ သိန်းကျပ် လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ် ။ Project-K ကလည်း သူတို့အတွက် လှူဒါန်းပေးခဲ့တဲ့ GUMs လေးတွေအားလုံးအတွက် တကယ်ကို သာဓုခေါ်ပေးခဲ့ပြီး ဝမ်းသာ ပီတိတွေဖြာခဲ့ကြတာပါ ။
ကိုဗစ်ကာလမှာ သူတို့ Idol တွေအတွက် ပိုက်ဆံလေးတွေ စုပြီး မွန်မြ တ်တဲ့ ကုသိုလ်လေးကို ပြုလုပ်ပေးခဲ့တဲ့ Gums လေးတွေရဲ့ အချစ်ကတော့ အံ့မခန်းပါပဲ ပရိသတ်ကြီးရေ ..။ ပရိသတ်ကြီးလည်း Gums လေးတွေရဲ့ အလှူကို Project-K နဲ့အတူ သာဓုခေါ်ဆိုနိုင်စေဖို့ပြန်လည် မျှဝေပေးလိုက်ပါတယ်နော် ။
Source : Project-K
Credit ; Cele Gabar