ဝါရင့်အနုပညာရှင် တစ်ယေ ာက်ဖြစ်တဲ့ ခန့်စည်သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ခန့်စည်သူကတော့ အနုပ ညာအလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ ယခုမှာတော့ ခန်စည်သူတစ်ယောက် သီတင်းကျွတ်မှာ လာရောက်ဂါဝရပြုတဲ့ မမဆောင်းကို ဆုမွန်ကောင်းလေး တောင်းပေးရင်း စနော က်လိုက်ပါတယ်။
ပရိသတ်တွေ အချစ်ပို ရတဲ့ ခန့်စည်သူကတော့ ” မမဆောင်း တစ်ယောက် …စိတ်ချမ်းသာ၊ကိုယ် ကျန်းမာပါစေ။အကယ်ဒမီတွေလည်းရပါစေ။ရှားလဇောင်းဇက်ပတ်တွေလိမ်းပြီး အလှတွေတိုးလာပါစေ။ဖူးစာရှင် (ဆရာဝန်၊အင်ဂျင်နီယာ၊ဗိုလ်မှူး၊စီးပွားရေးလုပ်ငန်းရှင် top 10၊ဘောလုံးအသင်းဥက္ကဌ) နှင့်လည်း ဘယ်ဘဝရောက်ရောက် လက်တွဲနိုင် ပါစေ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပ ါတယ်။
ခန့်စည်သူကတော့ ” ဒါနဲ့…..ဝါကျွတ်ပြီ ဆိုတော့ မမဆေ ာင်းကို ကြိတ်ခရက်ရှ်နေတဲ့ သဘောကောင်းတဲ့ နာမည်(၃)လုံးနဲ့အညိုစင်ဗိုလ်မှူးကိုရွေးမှာလား၊ နာမည် (၂)လုံးနဲ့ပြည်သူ့အချစ်တော် အဖြူစင် မင်းသားကိုရွေးမှာလား သိချင်ပါတယ်နော် ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာ ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ခန့်စည်သူနဲ့ မမဆောင်းတို့ အနုပညာရှင်မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေး လိုက်ပါတယ်။
Source : Kyaw Soe Win ‘ s Facebook Acc