ယာဥ္ေၾကာပိတ္ဆို႔မႈကလည္း နိုင္ငံေတာ္ေတာ္ မ်ားမ်ားမွာ ၾကဳံေတြ႕ေနရတဲ့ျပႆနာပါပဲ။ အေရးေပၚလူနာတင္ကားသာ ယာဥ္ေၾကာပိတ္ဆို႔ေနမယ္ဆိုရင္ လူနာတင္ကားမွာ ပါလာတဲ့ လူနာအတြက္ မေတြးရဲစရာပါပဲ။ ေဆး႐ုံကို အခ်ိန္မီေရာက္ဖို႔ ယာဥ္ေၾကာပိတ္ေနတဲ့ကားေတြကို လမ္းေလးနည္းနည္းေလာက္ဖယ္ခိုင္းဖို႔က်ေတာ့လည္း လူနာတင္ကားေပၚက ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြအတြက္ ခက္ခဲပါတယ္။ တခ်ိဳ႕ကားေတြ၊ လူေတြကေတာ့ လူနာတင္ကားလာရင္ လမ္းဖယ္ေပးတတ္ၾကပါတယ္။ ေဘးနားမွာရွိေနတဲ့ လူေတြကလည္း ေဆး႐ုံကို လူနာတင္ကားအခ်ိန္မီေရာက္နိုင္ဖို႔ အျမဲကူညီေပးၾကပါတယ္။ မၾကာေသး ခင္ကလည္ း ထိုင္းနိုင္ငံက တကၠသိုလ္ေက်ာင္းသူေလးတစ္ေယာက္ဟာ လူနာတင္ကားအတြက္ လမ္းရွင္းေပးခဲ့လို႔ လူမႈကြန္ယက္အသုံးျပဳသူေတြက သူ႔ကို ေက်းဇူးတင္ခဲ့ၾကတဲ့အျပင္ ခ်ီးက်ဴးစကားလည္းဆိုခဲ့ ပါတယ္။
ေအာက္တိုဘာ ၆ ရက္ေန႔က လူနာတင္ကားေမာင္းတဲ့သူ Nhum ဆိုတဲ့အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ့ေဖ့ စ္ဘြတ္ခ္အေကာင့္မွာ မိန္းကေလးတစ္ဦးရဲ့ပုံတစ္ပုံနဲ႔ ဗီဒီယိုတစ္ခုကို တင္ခဲ့ပါတယ္။ ပို႔စ္မွာ သူေရးထားတဲ့စာက “ဒီမိန္းကေလးက အရမ္းေတာ္တဲ့ေက်ာင္းသူေလးပဲ။ ဒီလိုအေျခအေနမ်ိဳးမွာ နတ္သမီးတစ္ပါးနဲ႔ တူတယ္”ဆိုတာပါပဲ။ ဗီဒီယိုအတိုေလးမွာ တကၠသိုလ္ေက်ာင္းသူေလးက လူနာတင္ကားအတြက္ ကားေတြကို ေဘးနား နည္းနည္းကပ္ေပးၿပီး လမ္းဖယ္ေပးဖို႔ ကားေမာင္းသမားတစ္ေယာက္ခ်င္းဆီကို လိုက္ေျပာေပးေနတာပါ။ ဒီျဖစ္ရပ္က ေအာက္တိုဘာ ၆ ရက္ေန႔ မနက္ ၉ နာရီဝန္းက်င္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေဆးဘက္ဆိုင္ရာအဖြဲ႕က ခႏၶာကိုယ္အႏွံ့အျပားမွာ အိပ္ရာနာ (Bedsore) ေတြရွိေနတဲ့ အသက္အရြယ္ႀကီးရင့္ၿပီျဖစ္တဲ့လူနာကို Vajira Hospital ကို ပို႔ေဆာင္ရမွာျဖစ္တယ္လို႔ Nhum က Matichon Online ကို သတင္ းေပးခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ ယာဥ္ေၾကာပိတ္ဆို႔ေနတဲ့အတြက္ လူနာတင္ကားက အေရးေပၚအခ်က္ျပမီးျပေနေပမဲ့လည္း ျမန္ျမန္သြားလို႔မရခဲ့ပါဘူး။ ဒါကို သတိျပဳမိခဲ့တဲ့ တကၠသို လ္ေက်ာင္းသူေလးက လမ္းမေပၚဆင္းလာခဲ့ၿပီး လူနာတင္ကားက ေဆး႐ုံကို အခ်ိန္မီေရာက္ဖို႔အတြက္ လမ္းေဘးကပ္ရပ္ေပးဖို႔ ကားတစ္စီးခ်င္းစီကို လိုက္ေျပာေပးခဲ့ပါတယ္။ တကၠသိုလ္ေက်ာင္းသူေလးေၾကာင့္ လမ္းနည္းနည္းရွင္းသြားခဲ့ၿပီး မီးပြိဳင့္ကလည္း လႊတ္သြားတဲ့အတြက္ လူနာတင္ကားလည္း ထြက္ခြာနိုင္ခဲ့ၿပီး လူနာလည္း အႏၲရာယ္ကင္းကင္းနဲ႔ ေဆး႐ုံေ ရာက္နိုင္ခဲ့ပါတယ္။
တကၠသိုလ္ေက်ာင္းသူေလးရဲ့ ၾကင္နာတတ္တဲ့ႏွလုံးသားေၾကာင့္ အင္တာနက္အသုံးျပဳသူေတြက ခ်ီးမႊမ္းစကားဆိုခဲ့ၾကပါတယ္။ ေက်ာ င္းသူေလးက မနက္ခင္းအတန္းတက္ဖို႔ရွိေကာင္းရွိေနေပမဲ့ လူနာတင္ကားအတြက္ အခ်ိန္ေပးၿပီး ကူညီေပးခဲ့တဲ့အတြက္ သူ႔ကို ေလးစားေနၾကပါတယ္။ “သူ႔မိဘေတြကေတာ့ ဒီလိုခ်စ္စရာေကာင္းၿပီး ၾကင္နာတတ္တဲ့သမီးေလးရွိလို႔ ဂုဏ္ယူသင့္ပါတယ္”၊ “ဒီဗီဒီယိုကို ခဏခဏၾကည့္မိေနတယ္။ ဒါက အရမ္းရင္ ထဲခံစားမိေစပါတယ္။ သူက လူေတြရဲ့အာ႐ုံစိုက္မႈရဖို႔ လုပ္ခဲ့တာမဟုတ္ဘူးဆိုတာ ကၽြန္ေတာ္ခံစားမိတယ္။ သူ႔မွာ ၾကင္နာတတ္တဲ့ႏွလုံးသားေလး ရွိတယ္”ဆိုတဲ့ ကြန္မန႔္ေတြလည္း ေပးခဲ့ၾကပါ တယ္။
ေဆး႐ုံကို လူနာတင္ကား အခ်ိန္မီေရာက္ဖို႔အတြက္ တကၠသိုလ္ေက်ာင္းသူေလးကူညီေပ းခဲ့တဲ့ျဖစ္ရပ္ကို လူတိုင္းအတုယူသင့္ပါတယ္။ လူ႔အသက္တစ္ေခ်ာင္းကို ကယ္နိုင္ဖို႔အတြက္ ေဆး႐ုံကို လူနာတင္ကားအခ်ိန္မီေရာက္ရမွာျဖစ္တာေၾကာင့္ လူနာတင္ကားလာေနရင္ လမ္းရွင္းေပးတာပဲျဖစ္ျဖစ္၊ လမ္းဖယ္ေ ပးတာပဲျဖစ္ျဖစ္ ၾကင္နာတရားေလးနဲ႔ လူတိုင္းကူညီေပးသင့္ပါတယ္။
ယာဉ်ကြောပိတ်ဆို့မှုကလည်း နိုင်ငံတော်တော် များများမှာ ကြုံတွေ့နေရတဲ့ပြဿနာပါပဲ။ အရေးပေါ်လူနာတင်ကားသာ ယာဉ်ကြောပိတ်ဆို့နေမယ်ဆိုရင် လူနာတင်ကားမှာ ပါလာတဲ့ လူနာအတွက် မတွေးရဲစရာပါပဲ။ ဆေးရုံကို အချိန်မီရောက်ဖို့ ယာဉ်ကြောပိတ်နေတဲ့ကားတွေကို လမ်းလေးနည်းနည်းလောက်ဖယ်ခိုင်းဖို့ကျတော့လည်း လူနာတင်ကားပေါ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် ခက်ခဲပါတယ်။ တချို့ကားတွေ၊ လူတွေကတော့ လူနာတင်ကားလာရင် လမ်းဖယ်ပေးတတ်ကြပါတယ်။ ဘေးနားမှာရှိနေတဲ့ လူတွေကလည်း ဆေးရုံကို လူနာတင်ကားအချိန်မီရောက်နိုင်ဖို့ အမြဲကူညီပေးကြပါတယ်။ မကြာသေး ခင်ကလည် း ထိုင်းနိုင်ငံက တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ လူနာတင်ကားအတွက် လမ်းရှင်းပေးခဲ့လို့ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို ကျေးဇူးတင်ခဲ့ကြတဲ့အပြင် ချီးကျူးစကားလည်းဆိုခဲ့ ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့က လူနာတင်ကားမောင်းတဲ့သူ Nhum ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဖေ့ စ်ဘွတ်ခ်အကောင့်မှာ မိန်းကလေးတစ်ဦးရဲ့ပုံတစ်ပုံနဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။ ပို့စ်မှာ သူရေးထားတဲ့စာက “ဒီမိန်းကလေးက အရမ်းတော်တဲ့ကျောင်းသူလေးပဲ။ ဒီလိုအခြေအနေမျိုးမှာ နတ်သမီးတစ်ပါးနဲ့ တူတယ်”ဆိုတာပါပဲ။ ဗီဒီယိုအတိုလေးမှာ တက္ကသိုလ်ကျောင်းသူလေးက လူနာတင်ကားအတွက် ကားတွေကို ဘေးနား နည်းနည်းကပ်ပေးပြီး လမ်းဖယ်ပေးဖို့ ကားမောင်းသမားတစ်ယောက်ချင်းဆီကို လိုက်ပြောပေးနေတာပါ။ ဒီဖြစ်ရပ်က အောက်တိုဘာ ၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့က ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ရာနာ (Bedsore) တွေရှိနေတဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့လူနာကို Vajira Hospital ကို ပို့ဆောင်ရမှာဖြစ်တယ်လို့ Nhum က Matichon Online ကို သတင် းပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ ယာဉ်ကြောပိတ်ဆို့နေတဲ့အတွက် လူနာတင်ကားက အရေးပေါ်အချက်ပြမီးပြနေပေမဲ့လည်း မြန်မြန်သွားလို့မရခဲ့ပါဘူး။ ဒါကို သတိပြုမိခဲ့တဲ့ တက္ကသို လ်ကျောင်းသူလေးက လမ်းမပေါ်ဆင်းလာခဲ့ပြီး လူနာတင်ကားက ဆေးရုံကို အချိန်မီရောက်ဖို့အတွက် လမ်းဘေးကပ်ရပ်ပေးဖို့ ကားတစ်စီးချင်းစီကို လိုက်ပြောပေးခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူလေးကြောင့် လမ်းနည်းနည်းရှင်းသွားခဲ့ပြီး မီးပွိုင့်ကလည်း လွှတ်သွားတဲ့အတွက် လူနာတင်ကားလည်း ထွက်ခွာနိုင်ခဲ့ပြီး လူနာလည်း အန္တရာယ်ကင်းကင်းနဲ့ ဆေးရုံေ ရာက်နိုင်ခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသူလေးရဲ့ ကြင်နာတတ်တဲ့နှလုံးသားကြောင့် အင်တာနက်အသုံးပြုသူတွေက ချီးမွှမ်းစကားဆိုခဲ့ကြပါတယ်။ ကျော င်းသူလေးက မနက်ခင်းအတန်းတက်ဖို့ရှိကောင်းရှိနေပေမဲ့ လူနာတင်ကားအတွက် အချိန်ပေးပြီး ကူညီပေးခဲ့တဲ့အတွက် သူ့ကို လေးစားနေကြပါတယ်။ “သူ့မိဘတွေကတော့ ဒီလိုချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့သမီးလေးရှိလို့ ဂုဏ်ယူသင့်ပါတယ်”၊ “ဒီဗီဒီယိုကို ခဏခဏကြည့်မိနေတယ်။ ဒါက အရမ်းရင် ထဲခံစားမိစေပါတယ်။ သူက လူတွေရဲ့အာရုံစိုက်မှုရဖို့ လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ကျွန်တော်ခံစားမိတယ်။ သူ့မှာ ကြင်နာတတ်တဲ့နှလုံးသားလေး ရှိတယ်”ဆိုတဲ့ ကွန်မန့်တွေလည်း ပေးခဲ့ကြပါ တယ်။
ဆေးရုံကို လူနာတင်ကား အချိန်မီရောက်ဖို့အတွက် တက္ကသိုလ်ကျောင်းသူလေးကူညီပေ းခဲ့တဲ့ဖြစ်ရပ်ကို လူတိုင်းအတုယူသင့်ပါတယ်။ လူ့အသက်တစ်ချောင်းကို ကယ်နိုင်ဖို့အတွက် ဆေးရုံကို လူနာတင်ကားအချိန်မီရောက်ရမှာဖြစ်တာကြောင့် လူနာတင်ကားလာနေရင် လမ်းရှင်းပေးတာပဲဖြစ်ဖြစ်၊ လမ်းဖယ်ေ ပးတာပဲဖြစ်ဖြစ် ကြင်နာတရားလေးနဲ့ လူတိုင်းကူညီပေးသင့်ပါတယ်။