မြန်မာ – ထိုင်းနယ်စပ် မဲဆောက်မြို့ တွင် မြန်မာနိုင်ငံသား ( ၅ ) နှစ် အရွယ် ကလေးင ယ် တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

မြန်မာ – ထိုင်းန ယ်စပ် မဲဆောက်မြို့တွင် ( ၅ ) နှစ် အရွယ် မြန်မာနိုင်ငံသား သမီးငယ်လေး တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရပြီး ကျူးလွန် ခဲ့သူ အသက် ၃၃ နှစ်ခန့်ရှိသူသည် ယနေ့ နံနက်ပိုင်းက မဲဆောက်ရှိ ရဲစခန်း တွင် ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

သေဆုံးသူ ကလေး မှာ မဲဆောက်မြို့ မူဂျာဟေဒင်ရပ်ကွက်နေ ဦးကာဆင် ဒေါ်ဟာတီမာတို့၏ သမီး မစူဟာနာ ဖြစ်သည် ။

ယမန်နေ့ ည ၈ နာရီခန့် က ပျောက်ဆုံးသွားသည့် သေဆုံးသူ ကလေးမလေး ကို ယနေ့ နံက်ပိုင်းက အိမ်နှင့် မလှမ်မကမ်း ချုံပုတ် ထဲတွင် လက်နောက်ပြန် ကျိုးတုတ်ထားလျှက် ပါးစပ်ထဲတွင် အဝတ်စ ထည့်ထားသည့် အပြင် ခြေနှစ်ဖက် ကိုလည်း ကြိုးဖြင့် တုတ်ထားလျက် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သ ည်။

လာရောက် စစ်ဆေးခဲ့သည့် မှုခင်း ဆရာဝန်က တရားဝင်ပြောကြားခြင်း မရှိသေးသော်လည်း စစ်ဆေးမှု တွင် ပါဝင်သည့် အရာရှိ တစ်ဦးက ကလေး မလေးမှာ အသက်ရှူမရ၍ သေဆုံးရခြင်းဖြစ်သလို မုဒိမ်းပြုကျင့် ခံထားရသည်ကိုလည်း စစ်ဆေးတွေ့ရှိရသည် ဟု ထိုင်းသ တင်းထောက် တစ်ဦး၏ အမေးကို ပြန်လည်ပြောဆိုခဲ့သည်။

ကလေးမလေးကို မုဒိမ်းကျင့်သတ်ဖြတ် ခဲ့သူ မြန်မာနိုင်ငံသား စလင်း သည် မြန်မာနိုင်ငံ တွင် ကလေးငယ်တဦး (ကျား) ကို အလိုမတူဘဲ မုဒိမ်းကျင့်ခဲ့သည့်အတွက် ထောင်ဒဏ် (၈) နှစ်ကျခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာကာ မဲဆောက်မြို့သို့ လွန်ခဲ့သည့် (၁) လကျော်က ရောက်ရှိလာသူလည်း ဖြစ် သည် ။

သေဆုံးသူ မိသားစုဝင်များနှင့် စလင်းသည် ရပ်ဆွေရပ်မျိုးများ ဖြစ်သည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ မဲဆောက်ရဲက အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်လျှက် ရှိသည်။

Credit – ကရင်အမျိုးသားမီဒီယာ