ဆိုရွယ္မီဒီယာေပၚမွာ video ေတြကေနတဆင့္ ကိုရီးယားဘာသာ စကားကို သင္ၾကားေပးေနတဲ့ ျမန္မာလူမ်ိဳး ကိုရီးယားဘာသာစကား ဆရာမေလး ခ်မ္းခ်မ္း(ခ်မ္းျမျမေသာ္)ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိေနစဥ္မွာ ေတာင္ကိုရီး ယားရဲ႕

႐ုပ္သံအစီအစဥ္တစ္ခုမွာ ပါဝင္ၿပီး လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာ့ႏိုင္ငံေရးအေျခအေနေတြကို တစ္ကမာၻလုံးသိေအာင္ သတင္းစကားပါးခဲ့ပါတယ္။“ကြၽန္မ ဒီေနရာကေန ျမန္မာျပည္သူလူထုကိုယ္စား သူတို႔ရဲ႕ စကားသြေတြကို

တဆင့္ေျပာေပးခ်င္ပါတယ္။လက္ရွိ ကြၽန္မတို႔ႏိုင္ငံရဲ႕ စစ္တပ္ကေၾကျငာထားတဲ့ အေရးေပၚအေျခအေနဆိုတာ ျပည္သူေတြရဲ႕ ဆႏၵလုံးဝမဟုတ္ေၾကာင္း အရင္ဆုံးေျပာခ်င္ပါတယ္။သူတို႔ရဲ႕ တစ္ႏွစ္အေရးေပၚအေျခအေန ( အာဏာသိမ္းမႈ ) ဆိုတာ လုံးဝ

အတည္ျပဳလိုက္လို႔မရပါဘူး။ ဒီဟာကို ေသခ်ာေပါက္ျပန္႐ုတ္သိမ္းေပးမွာ ရမွာဆိုေပမယ့္ ဒါက ျမန္မာျပည္သူေတြရဲ႕ အင္အားနဲ႔တင္ မျဖစ္ႏိုင္တဲ့အေျခအေနပါ။ဒါေၾကာင့္ ကြၽန္မတို႔ဟာ တစ္ကမာၻလုံးရဲ႕ ဝင္ေရာက္ အကူအညီေပးမႈေတြရဖို႔ လိုအပ္ေန ပါတယ္။

ဆိုရွယ္မီဒီယာအရေသာ္လည္းေကာင္း ၊ ႏိုင္ငံေရးအရေသာ္လည္းေကာင္း ကြၽန္မတို႔ျပည္သူေတြကို ကယ္တင္ေပးဖို႔ ေမတၱာရပ္ခံပါတယ္” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Credit ; Cele Post

ဆိုရှယ်မီဒီယာပေါ်မှာ video တွေကနေတဆင့် ကိုရီးယားဘာသာ စကားကို သင်ကြားပေးနေတဲ့ မြန်မာလူမျိုး ကိုရီးယားဘာသာစကား ဆရာမလေး ချမ်းချမ်း(ချမ်းမြမြသော်)ကတော့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ်မှာ တောင်ကိုရီး ယားရဲ့

ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို တစ်ကမ္ဘာလုံးသိအောင် သတင်းစကားပါးခဲ့ပါတယ်။“ကျွန်မ ဒီနေရာကနေ မြန်မာပြည်သူလူထုကိုယ်စား သူတို့ရဲ့ စကားသွတွေကို

တဆင့်ပြောပေးချင်ပါတယ်။လက်ရှိ ကျွန်မတို့နိုင်ငံရဲ့ စစ်တပ်ကကြေငြာထားတဲ့ အရေးပေါ်အခြေအနေဆိုတာ ပြည်သူတွေရဲ့ ဆန္ဒလုံးဝမဟုတ်ကြောင်း အရင်ဆုံးပြောချင်ပါတယ်။သူတို့ရဲ့ တစ်နှစ်အရေးပေါ်အခြေအနေ ( အာဏာသိမ်းမှု ) ဆိုတာ လုံးဝ

အတည်ပြုလိုက်လို့မရပါဘူး။ ဒီဟာကို သေချာပေါက်ပြန်ရုတ်သိမ်းပေးမှာ ရမှာဆိုပေမယ့် ဒါက မြန်မာပြည်သူတွေရဲ့ အင်အားနဲ့တင် မဖြစ်နိုင်တဲ့အခြေအနေပါ။ဒါကြောင့် ကျွန်မတို့ဟာ တစ်ကမ္ဘာလုံးရဲ့ ဝင်ရောက် အကူအညီပေးမှုတွေရဖို့ လိုအပ်နေ ပါတယ်။

ဆိုရှယ်မီဒီယာအရသော်လည်းကောင်း ၊ နိုင်ငံရေးအရသော်လည်းကောင်း ကျွန်မတို့ပြည်သူတွေကို ကယ်တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Credit ; Cele Post