



Source: Htoo Khant’s fb

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အနုပညာရှင်ဇနီ းမောင်နှံတွေပီပီ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်အားပေးမှုကို ရရှိထားကြသူများ ဖြစ်ကြပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက လွန်ခဲ့တဲ့လပိုင်းတွေကတည်းက ကပ်ရောဂါအခြေအနေတွေကြောင့် သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားသလို လက်ရှိမှာလည်း ပြည်တွင်းရေးအခြေအနေတွေကြောင့် အလုပ်တွေမှန်သမျှ ရပ်နားထားပြီး ပြည်သူတွေထဲက ပြည်သူအဖြစ် တိုက်ပွဲဝင်နေကြတာပဲ ဖြစ်ပါ တယ်။


ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ ပြည်သူနဲ့အတူတူ တစ်သားတည်းရပ်တည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသလို သူတို့တတ်နိုင်တဲ့ အင်အားနဲ့ မိဘပြည်သူလူထုအတွက်လည်း အားပေးရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ငြိမ်းချမ်းစွာလည်း ဆန္ဒပြရင်း ပြည်သူတွေအတွက်လည်း မုန့်ပဲသရေစာ၊ အချိုရည်နဲ့ သောက်ရေတို့ကိုလည်း လှူဒါန်းပေး ခဲ့ကြတာကို တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ ပြည်သူတွေနဲ့အတူတူ ဆန္ဒပြရင်း သဲတစ်မှုန်စာအဖြစ် ရပ်တည်လှုပ်ရှားခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Htoo Khant’s fb
Credit – Cele Connections