သရုပ္ေဆာင္နဲ့ ေမာ္ဒယ္လ္ ခင္ရူပေတာ့ အသက္ (၁၄) နွစ္အရြယ္ကတည္းက အလွမယ္ျပိဳင္ပြဲေတြမွာ ပါဝင္ခဲ့သူ တစ္ေယာက္ျဖစ္ျပီး Miss Tourism Beauty Pageant 2011 ျပိဳင္ပြဲၾကီးမွာ Winner အျဖစ္ လူသိမ်ားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ အခုဆိုရင္ အိမ္ေထာင္က်သြားခဲ့ျပီျဖစ္တဲ့ ခင္ရူပက သားသမီးရတနာ မရိွေသးတာမို့ သူမရဲ့ ခင္ပြန္းနဲ့အတူတူ စီးပြားေရးအလုပ္ေတြလုပ္ရင္း တစ္ဖက္မွာလည္း အနုပညာအလုပ္ေတြကို ျဖည္းျဖည္းနဲ့ ပံုမွန္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ခင္ရူပက ျမန္မာနိုင္ငံျပည္တြင္းေရးအတြက္ ျငိမ္းခ်မ္းစြာဆႏၵျပေနၾကတဲ့ ျပည္သူလူထုနဲ့အတူတူ တသားတည္းရပ္တည္ျပီး သူမကိုယ္တုိင္လည္း ဆႏၵေဖာ္ထုတ္ေနတာပဲ ျဖစ္ပါတယ္။

ျငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္သလို လမ္းေပၚထြက္ဆႏၵျပေနၾကတဲ့ ျပည္သူေတြအတြက္ စားေသာက္စရာမ်ားကို လွဴဒါန္းျဖစ္ေနတဲ့ ခင္ရူပက ဒီကေန့မွာလည္း ၾကာဆံေၾကာ္ပြဲ (၂၂၂၂) ပြဲစာကို လွဴဒါန္းသြားမယ့္အေၾကာင္း ေျပာလာပါတယ္။ ခင္ရူပက သူမရဲ့ ေခြ်းနည္းစာနဲ့ လွဴဒါန္းျဖစ္ေနတဲ့ အလွဴေလးနဲ့ ပက္သတ္ျပီး “ဘာ “သိဂႌ” မွ မဟုတ္ေပမယ့္ တစ္ပိုင္တစ္ႏိုင္လႉျဖစ္ေနတဲ့ “ဧကရီ” ေလးျဖစ္ခြင့္ရလို႔ ဂုဏ္ယူမိပါတယ္🥰” ဆိုျပီး ပီတိျဖစ္စြာ ေျပာလာတာကို ေတြ့ ရပါတယ္။

ခင္ရူပကေတာ့ ဘာ “သိဂႌ” မွ မဟုတ္ေပမယ့္ ဆႏၵျပျပည္သူေတြအတြက္ ေခြ်းနည္းစာထဲကေန တနိုင္တပိုင္လွဴဒါန္းျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ဘာ”သိဂႌ” မွ မဟုတ္တဲ့ ခင္ရူပရဲ့ ျဖဴစင္တဲ့ ကုသိုလ္ေလးကို သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Khin Yupa’s fb
Credit– Cele Connections

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ခင်ရူပတော့ အသက် (၁၄) နှစ်အရွယ်ကတည်းက အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး Miss Tourism Beauty Pageant 2011 ပြိုင်ပွဲကြီးမှာ Winner အဖြစ် လူသိများလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် အိမ်ထောင်ကျသွားခဲ့ပြီဖြစ်တဲ့ ခင်ရူပက သားသမီးရတနာ မရှိသေးတာမို့ သူမရဲ့ ခင်ပွန်းနဲ့အတူတူ စီးပွားရေးအလုပ်တွေလုပ်ရင်း တစ်ဖက်မှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်ရူပက မြန်မာနိုင်ငံပြည်တွင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူလူထုနဲ့အတူတူ တသားတည်းရပ်တည်ပြီး သူမကိုယ်တိုင်လည်း ဆန္ဒဖော်ထုတ်နေတာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သလို လမ်းပေါ်ထွက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေအတွက် စားသောက်စရာများကို လှူဒါန်းဖြစ်နေတဲ့ ခင်ရူပက ဒီကနေ့မှာလည်း ကြာဆံကြော်ပွဲ (၂၂၂၂) ပွဲစာကို လှူဒါန်းသွားမယ့်အကြောင်း ပြောလာပါတယ်။ ခင်ရူပက သူမရဲ့ ချွေးနည်းစာနဲ့ လှူဒါန်းဖြစ်နေတဲ့ အလှူလေးနဲ့ ပက်သတ်ပြီး “ဘာ “သိင်္ဂီ” မှ မဟုတ်ပေမယ့် တစ်ပိုင်တစ်နိုင်လှူဖြစ်နေတဲ့ “ဧကရီ” လေးဖြစ်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်🥰” ဆိုပြီး ပီတိဖြစ်စွာ ပြောလာတာကို တွေ့ ရပါတယ်။

ခင်ရူပကတော့ ဘာ “သိင်္ဂီ” မှ မဟုတ်ပေမယ့် ဆန္ဒပြပြည်သူတွေအတွက် ချွေးနည်းစာထဲကနေ တနိုင်တပိုင်လှူဒါန်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဘာ”သိင်္ဂီ” မှ မဟုတ်တဲ့ ခင်ရူပရဲ့ ဖြူစင်တဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Khin Yupa’s fb
Credit– Cele Connections