အႏုပညာလမ္းေၾကာင္းေပၚ မွာစတင္ေလွ်ာက္လွမ္းေနၿပီျဖစ္တဲ့ သဇင္ထူးျမင့္ကေတာ့ သ႐ုပ္ေဆာင္၊ဒါ႐ိုက္တာခင္လႈိင္ရဲ႕ အငယ္ဆုံးသမီးေလးပဲျဖစ္ပါတယ္။ခင္လႈိင္ကလည္း သမီးေလးကိုအရမ္းခ်စ္ၿပီး လိုခ်င္တာမွန္သမွ်ျဖည့္ဆည္းေပးကာအရမ္းဂ႐ုစိုက္ေပးတတ္တဲ့ ဖခင္ေကာင္းျဖစ္ပါတယ္ေနာ္။သဇင္ထူးျမင့္က အႏုပညာေလာကထဲကိုဝင္ေရာက္လာတာ မၾကာေသးေပမယ့္ သူမကိုအားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြေတာ့အမ်ားအျပားရွိပါတယ္။ခင္လႈိင္ကလည္း သမီးေလးဝါသနာပါတဲ့အႏုပညာကို ေနာက္ကေန အေကာင္းဆုံးပံ့ ပိုးကူညီေပးတာျဖစ္ပါတယ္ေနာ္္။


လတ္တေလာမွာဆိုရင္ေတာ့ သဇင္ထူးျမင့္လည္း လုပ္လက္စအႏုပညာအလုပ္ေတြကို ရပ္နားထားၿပီးျပည္သူ လူထုနဲ႔အတူ ပူးေပါင္းပါဝင္ေနတာျဖစ္ပါတယ္။သဇင္ထူးျမင့္တို႔တစ္မိသားစုလုံးက ေန႔တိုင္းလမ္းေပၚထြက္ၾကၿပီး ျပည္သူေတြနဲ႔တစ္သားတည္းရွိကာ အားႀကိဳးမာန္တက္နဲ႔ ေရွ႕သို႔ဆက္လက္ခ်ီတက္ေနၾကဆဲပဲျဖစ္ပါတယ္ေနာ္။သဇင္ထူးျမင့္တို႔လူငယ္ေတြကလည္း စိတ္ဓာတ္အားမာန္အျပည့္နဲ႔ ရဲရဲေတာက္ၿပီး သူမတို႔အနာဂတ္အတြက္ ပုံေဖာ္ေနၾကတာျဖစ္ပါတယ္။ေဖေဖာ္ဝါရီလ(၂)ရက္ေန႔ကေတာ့ သဇင္ထူးျမင့္တို႔ေမာင္ႏွမေတြက ျပည္သူလူထုကိုတစ္ပိုင္တစ္ႏိုင္ေလး ကူညီလိုက္ေသး တာျဖစ္ပါတယ္ေနာ္။


သဇင္ထူးျမင့္တို႔ေမာင္ႏွမေတြက အားတက္သေရာပါဝင္လႈပ္ရွားေနၾကတဲ့ ျပည္သူေတြအေမာေျပေအာင္လို႔ေကာ္ဖီေအးကို လိုက္လံ လႉဒါန္းခဲ့တာျဖစ္ပါတယ္။သဇင္ထူးျမင့္ကေတာ့“သဲတို႔ေမာင္ႏွမေတြစုၿပီးေတာ့ သဃၤန္းကြၽန္းေလးေထာင့္ကန္လမ္းမႀကီး ထိုင္သပိတ္အတြက္ ေကာ္ဖီေအး ခြက္၄၀၀လႉဒါန္းခဲ့ပါတယ္။လူထုလႈပ္ရွားမႈမွာက်ဆုံးသြားတဲ့ ကိုဟိန္းထြဋ္ေအာင္အတြက္လည္း အလႉေငြ လႉဒါန္းခဲ့ပါတယ္…အစစအရာရာကူညီေပးတဲ့ လမ္းကအစ္ကို အစ္မအားလုံးကိုေက်းဇူးတင္ပါတယ္ရွင္…မနက္ျဖန္မွာလည္း ေရခဲေခ်ာင္းလႉဒါန္းပါမယ္ရွင္…”ဆိုၿပီးအမွတ္တရ ပုံရိပ္ေလးေတြနဲ႔အတူ ေရးသားမွ်ေဝလာတာျဖစ္ပါတယ္ေနာ္။

Credit

အနုပညာလမ်းကြောင်းပေါ် မှာစတင်လျှောက်လှမ်းနေပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ဒါရိုက်တာခင်လှိုင်ရဲ့ အငယ်ဆုံးသမီးလေးပဲဖြစ်ပါတယ်။ခင်လှိုင်ကလည်း သမီးလေးကိုအရမ်းချစ်ပြီး လိုချင်တာမှန်သမျှဖြည့်ဆည်းပေးကာအရမ်းဂရုစိုက်ပေးတတ်တဲ့ ဖခင်ကောင်းဖြစ်ပါတယ်နော်။သဇင်ထူးမြင့်က အနုပညာလောကထဲကိုဝင်ရောက်လာတာ မကြာသေးပေမယ့် သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေတော့အများအပြားရှိပါတယ်။ခင်လှိုင်ကလည်း သမီးလေးဝါသနာပါတဲ့အနုပညာကို နောက်ကနေ အကောင်းဆုံးပံ့ ပိုးကူညီပေးတာဖြစ်ပါတယ်နော််။


လတ်တလောမှာဆိုရင်တော့ သဇင်ထူးမြင့်လည်း လုပ်လက်စအနုပညာအလုပ်တွေကို ရပ်နားထားပြီးပြည်သူ လူထုနဲ့အတူ ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။သဇင်ထူးမြင့်တို့တစ်မိသားစုလုံးက နေ့တိုင်းလမ်းပေါ်ထွက်ကြပြီး ပြည်သူတွေနဲ့တစ်သားတည်းရှိကာ အားကြိုးမာန်တက်နဲ့ ရှေ့သို့ဆက်လက်ချီတက်နေကြဆဲပဲဖြစ်ပါတယ်နော်။သဇင်ထူးမြင့်တို့လူငယ်တွေကလည်း စိတ်ဓာတ်အားမာန်အပြည့်နဲ့ ရဲရဲတောက်ပြီး သူမတို့အနာဂတ်အတွက် ပုံဖော်နေကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂)ရက်နေ့ကတော့ သဇင်ထူးမြင့်တို့မောင်နှမတွေက ပြည်သူလူထုကိုတစ်ပိုင်တစ်နိုင်လေး ကူညီလိုက်သေး တာဖြစ်ပါတယ်နော်။


သဇင်ထူးမြင့်တို့မောင်နှမတွေက အားတက်သရောပါဝင်လှုပ်ရှားနေကြတဲ့ ပြည်သူတွေအမောပြေအောင်လို့ကော်ဖီအေးကို လိုက်လံ လှူဒါန်းခဲ့တာဖြစ်ပါတယ်။သဇင်ထူးမြင့်ကတော့“သဲတို့မောင်နှမတွေစုပြီးတော့ သင်္ဃန်းကျွန်းလေးထောင့်ကန်လမ်းမကြီး ထိုင်သပိတ်အတွက် ကော်ဖီအေး ခွက်၄ဝဝလှူဒါန်းခဲ့ပါတယ်။လူထုလှုပ်ရှားမှုမှာကျဆုံးသွားတဲ့ ကိုဟိန်းထွဋ်အောင်အတွက်လည်း အလှူငွေ လှူဒါန်းခဲ့ပါတယ်…အစစအရာရာကူညီပေးတဲ့ လမ်းကအစ်ကို အစ်မအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်…မနက်ဖြန်မှာလည်း ရေခဲချောင်းလှူဒါန်းပါမယ်ရှင်…”ဆိုပြီးအမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Credit