ဇာတ္ပို႔သ႐ုပ္ေဆာင္ ကိုကိုဦးရဲ႕သားေခ်ာေလးျ ဖစ္တဲ့ သီဟေအာင္ကေတာ့ အကယ္ဒမီေ႐ႊႀကိဳအျဖစ္ကေန အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူေလး ျဖစ္ပါတယ္ ။ ငယ္႐ြယ္ထက္ျမက္ၿပီး အရည္အခ်င္းရွိတဲ့ သီဟေအာင္က ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကိုလည္း အျပည့္အဝရရွိထားတာ ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ သီဟေအာင္က ျပည္သူထဲကျပည္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အားလုံးနဲ႔တန္းတူရပ္တည္ၿပီး အနာဂတ္အတြက္ ႀကိဳးစားေနတာ ျဖစ္ပါ တယ္ ။


လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာဆိုရင္ “Generation Z”လို႔ေခၚတဲ့ မ်ိဳးဆက္သစ္လူငယ္ေလးေတြ ေတာ္ေတာ္ မ်ားမ်ားက လူထုလႈပ္ရွားမႈေတြမွာ အားသြန္ခြန္စိုက္ပါဝင္ေနၾကတာကို အားလုံးလည္း ျမင္ေတြ႕ၾကမယ္ ထင္ပါတယ္ေနာ္။ ဒါေၾကာင့္ Gen Z တစ္ေယာက္ျဖစ္တဲ့ သီဟေအာင္ကလည္း သူတတ္ႏိုင္တဲ့ဘက္ကေန ႏိုင္ငံ့အက်ိဳးကို သယ္ပိုးခ်င္တာေၾကာင့္ အျပင္ကိုထြက္လာခဲ့တာ ျဖစ္ပါတယ္ ။ သီဟေအာင္က ဆုံးျဖတ္ခ်က္အခိုင္အမာခ်ၿပီး အေရးေပၚဆက္သြယ္လို႔ရမယ့္ ဖုန္းနံပါတ္နဲ႔ သူ႔ရဲ႕ေသြးအမ်ိဳးအစားကိုပါ လက္မွာႀကိဳေရး ထားခဲ့တာ ျဖစ္ပါတယ္ ။


သီဟေအာင္က “GZ တစ္ေယာက္အေနနဲ႔တာဝန္ေက်ခ်င္တယ္ဗ်ာ❤️💪” ဆိုၿပီး ႀကိဳတင္ျပင္ဆင္မႈ ျပဳလုပ္ေနတဲ့ သူ႔ရဲ႕ပုံရိပ္ေလးေတြကို မွ်ေဝခဲ့တာ ျဖစ္ပါတယ္ ။ အခုလည္း သီဟေအာင္က အႏၲရာယ္ရွိေနတဲ့ၾကားထဲကေန ျပည္သူလူထုနဲ႔အတူ လမ္းမေပၚမွာထိုင္ၿပီး တက္တက္ႂကြႂကြ ပါဝင္ေႂကြးေၾကာ္ေနတဲ့ လႈပ္ရွားမႈေတြကို ဗီဒီယို ႐ိုက္ၿပီး တင္‌ထားတာပဲ ျဖစ္ပါတယ္ ။ ကဲ အသက္ငယ္ေပမယ့္ ရဲရင့္တဲ့စိတ္ဓာတ္အျပည့္ရွိတဲ့ သီဟေအာင္ရဲ႕ပုံေလးေတြနဲ႔ဗီဒီယိုေလးကို ျပန္လည္မွ်ေဝေပးရင္း အႏၲရာယ္ကင္းေစဖို႔ဆုေတာင္းေပးလိုက္ရပါ တယ္ေနာ္။

Credit

ဇာတ်ပို့သရုပ်ဆောင် ကိုကိုဦးရဲ့သားချောလြေး ဖစ်တဲ့ သီဟအောင်ကတော့ အကယ်ဒမီရွှေကြိုအဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူလေး ဖြစ်ပါတယ် ။ ငယ်ရွယ်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ သီဟအောင်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သီဟအောင်က ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် အားလုံးနဲ့တန်းတူရပ်တည်ပြီး အနာဂတ်အတွက် ကြိုးစားနေတာ ဖြစ်ပါ တယ် ။


လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် “Generation Z”လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်လေးတွေ တော်တော် များများက လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်နေကြတာကို အားလုံးလည်း မြင်တွေ့ကြမယ် ထင်ပါတယ်နော်။ ဒါကြောင့် Gen Z တစ်ယောက်ဖြစ်တဲ့ သီဟအောင်ကလည်း သူတတ်နိုင်တဲ့ဘက်ကနေ နိုင်ငံ့အကျိုးကို သယ်ပိုးချင်တာကြောင့် အပြင်ကိုထွက်လာခဲ့တာ ဖြစ်ပါတယ် ။ သီဟအောင်က ဆုံးဖြတ်ချက်အခိုင်အမာချပြီး အရေးပေါ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်နဲ့ သူ့ရဲ့သွေးအမျိုးအစားကိုပါ လက်မှာကြိုရေး ထားခဲ့တာ ဖြစ်ပါတယ် ။


သီဟအောင်က “GZ တစ်ယောက်အနေနဲ့တာဝန်ကျေချင်တယ်ဗျာ❤️💪” ဆိုပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း သီဟအောင်က အန္တရာယ်ရှိနေတဲ့ကြားထဲကနေ ပြည်သူလူထုနဲ့အတူ လမ်းမပေါ်မှာထိုင်ပြီး တက်တက်ကြွကြွ ပါဝင်ကြွေးကြော်နေတဲ့ လှုပ်ရှားမှုတွေကို ဗီဒီယို ရိုက်ပြီး တင်‌ထားတာပဲ ဖြစ်ပါတယ် ။ ကဲ အသက်ငယ်ပေမယ့် ရဲရင့်တဲ့စိတ်ဓာတ်အပြည့်ရှိတဲ့ သီဟအောင်ရဲ့ပုံလေးတွေနဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးရင်း အန္တရာယ်ကင်းစေဖို့ဆုတောင်းပေးလိုက်ရပါ တယ်နော်။

Credit