အနုပညာလမ်းကြောင်းတစ်လျှောက်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့မိသားစုကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်.. သူမကတော့လက်ရှိမှာ ဖမ်းဆီးခံထားရတာကြောင့် အင်းစိန်ထေင်ထဲမှာရောက်ရှိနေတာပဲ ဖြစ်ပါတယ်နော်…ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။


အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့အချစ်‌တွေကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုကပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။


အနုပညာညီအစ်မတွေဖြစ်ပြီးပြည်သူချစ်မင်းသမီးတွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ အဓိကပါဝင် သရုပ်ဆောင်ထားကြတဲ့“what happened to the wolf?” ရုပ်ရှင်ကားကိုဂျာမဏီနိုင်ငံမှာပြုလုပ်မယ့် Oldenburg International Film Festival တွင် Official Competitation အတွက် ရွေးချယ်ခြင်းခံထားရပြီး World Premiereအဖြစ်ပြသသွားမှာဖြစ်ပါတယ်။Oldenburg International Film Festival ကို Oldenburg မြို့တွင် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိကျင်းပသွားမှာပါ။ လို့လည်း သိရပါတယ်နော်… ပရိသတ်ကြီးလည်း အားပေးကြပါအုံးနော်..


Credit