Credit
ကျော်ထက်အောင်နဲ့ဖြူဖြူကျော်သိန်းကတော့ အရမ်းကိုရင်းနှီးတဲ့ အနုပညာမောင်နှမတွေ ဖြစ်ပြီးတော့ အနုပညာအလုပ်တွေကို တွဲလုပ်နေသူ ဖြစ်ပါတယ်…ကျော်ထက်အောင်ကလည်း မမဖြူအိမ်ကိုသွားရောက်လည်ပတ်တဲ့ ပုံတွေကို တင်ထားခဲ့ပြီး မမဖြူကလည်း ကျော်ထက်အောင်ရဲ့ ခွေးလေ းတွေကိုလွမ်းလို့ဆိုပြီး ကျော်ထက်အောင် အိမ်ကိုသွားရောက်လည်ပတ်ခဲ့ပုံတွေကြောင့် ပရိသတ်ကြားမှာ ချစ်သူတွေဖြစ်နေကြပြီလား ဆိုတဲ့ကောလဟာလတွေလည်း ထွက်လာခဲ့ပြီးသားပါနော်.။
ဒါပေမဲ့လည်း သူတို့နှစ်ယောက်တော့ ဘာမှမဖြေရှင်းကြပေမဲ့လည်း အနှောင့်အသွားမလွတ်တဲ့ စာလေးတင်ပြီး ပရိသတ်ကို ပဟေဠိဖွက်နေကြအတိုင်းပဲ ဒီနေ့လေးမှာလဲ ဖြူဖြူကျော်သိန်းက” မင်္ဂလာရှိတဲ့မွေးနေ့လေးဖြစ်ပါစေ အကိုအောင်ရေ… ဒီနှစ်တော့ ဝရမ်းပြေးဖြစ်နေလို့ အရင်လို Birthday Cake ကိုယ်တိုင်ဖုတ်ပြီါး မပို့ပေးနိုင်တော့ဘူးကွယ်..ဒါ့ကြောင့် အရင်က ရိုက်ထားတဲ့ မိသားစုဓါတ်ပုံလေးနု့ပဲ အဝေးကနေ နုတ်ဆက်လိုက်ပါတယ်။။
May The Lord protcet you, bless you , lead you & give you an abundant life ခလေးတွေလည်း ဂရုစိုက်နော်.. ကံမကုန်ရင် ပြန်ဆုံကြမယ်ကွယ်… ဆိုပြီး ” မွေးနေ့ဆုတောင်းရေးလာာခဲ့ပါတယ်။ဖြူဖြူနဲ့ကျော်ထက်အောင်ကို ချစ်ကြတဲ့ စာဖတ်ပရိသတ်ကြီးလည်း ကျော်ထက်အောင်အတွက် မွေးနေ့ဆုတောင်းစကားလေး တစ်ခုလောက်ရေးပေးသွားကြပါအုံးနော်…
Source: Phyuphyu -kyaw thein
Credit