




Credit – Cele Zone

Photo – Khin Hlwan

ခင်လွှမ်းကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တာဖြစ်ပြီး အောင်မြင်မှုတွေလည်းတစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်ပါ။ ဒါ့အပြင် သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာကြောင့် အားလုံးက ချစ်ခင် အားကျနေရတာလည်းဖြစ်ပါတယ် ။

ခင်ပွန်းသည် စည်ဖြိုးကလည်း ဇနီးသည်အပေါ် သဘောထားကြီးပြီး နားလည်ဂရုစိုက်သူဖြစ်လို့ ခင်လွှမ်းရဲ့ ဘဝလေးက ပြီးပြည့်စုံပြီး အေးချမ်းပါတယ်နော်။ ဒါ့အပြင် ယောက္ခမဖြစ်သူကလည်း သမီးအရင်းလေးလို ဂရုစိုက်ပြီး သည်းသည်းလှုပ်အချစ်ပိုတာဖြစ်လို့ ခင်လွှမ်းကို မိန်းကလေးတိုင်း အားကျနေရတာပါ ။

ခုဆိုရင် ချစ်စရာ သမီးလေးပါသူတို့ ဘဝထဲကိုရောက်ရှိလာပီဖြစ်လို့ ပိုလို့တောင် ပျော်ရွှင်နေကြတာပါ ။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး ချစ်စရာကောင်းလွန်းနေတဲ့ သမီးလေးက အခုဆိုရင် သုံးလပြည့်သွားပြီလို့လည်းသိရပါတယ် ။ သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံလေးတွေနဲ့ အတူ ” Happy 3 month old baby shandra . Mom and dad love you lots ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Khin Hlwan