



Credit

မော်ဒယ် အောန်ဆိုင်းကတော့ ခင်ပွန်းနဲ့အတူ ပြည်ပနိုင်ငံမှာ အခြေချနေထိုင်နေပါတယ်နော်။ နွေဦးတော်လှန်ရေးမှာလည်း အားသွန်ခွန်စိုက် ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိမှာတော့ ရင်သွေးလေးရထားတာဖြစ်တဲ့အတွက် ပြည်ပနိုင်ငံမှာ အေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါတယ်နော်။ တဖြည်းဖြည်းနဲ့ ကိုယ်ဝန်ရင့်လာပြီဖြစ်တဲ့အတွက် သူမရဲ့ခင်ပွန်းကိုယ်တိုင် လိုလေသေးမရှိ ဂရုစိုက်ပေးနေတာပါနော်။

လတ်တလောမှာတော့ အောန်ဆိုင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို အမှတ်တရအနေနဲ့ မကြာခဏ မျှဝေပေးလေ့ရှိတာ တွေ့ရပါတယ်နော်။ ဒီနေ့မှာဆိုရင်လည်း အောန်ဆိုင်းက ကိုယ်ဝန်ရလာတာနဲ့အမျှ စိတ်ချမ်းသာပျော်ရွှင်အောင်နေထိုင်နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးထားတာပဲ ဖြစ်ပါတယ်နော်။

အခုမှာလည်း အောန်ဆိုင်းရဲ့ Instagram လူမှုကွန်ယက်တွင် ပုံလေးတစ်ပုံ တင်ပေးလာပြန်ပါပြီနော်။ ဒါကတော့ရင်သွေးလေးကို လွယ်ထားရတဲ့ ချစ်ဇနီးလေးအနားကနေ တစ်ဖဝါးမှမခွာဘဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးနေတဲ့ အောန်ဆိုင်းရဲ့ခင်ပွန်းပုံလေး ဖြစ်ပါတယ်နော်။ အောန်ဆိုင်းကလည်း ” ကိုယ့်ရဲ့ပင်တိုင်ဓာတ်ပုံဆရာ ” ဆိုပြီးရေးသားထားတာ ဖြစ်တဲ့အတွက် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit