



Credit

ပရိသတ်ကြီးရေ မြတ်ရတနာကျော် တစ်ယောက် သူမရဲ့ ဒုတိယမြောက် သားရတနာလေးကို မကြာသေးခင်ရက်ပိုင်းကပဲ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်နော်။ ကျန်းမာစွာနဲ့ မွေးဖွားနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေကလည်းဝမ်းသာနေကြတာ ဖြစ်ပါတယ်နော်။ သားရတနာလေးဖြစ်တဲ့အတွက် နှစ်ဘက် အဖိုးအဖွားများကပါ အသည်းတုန်မတတ် ချစ်နေကြပါတယ်နော်။

အခုလည်း မြတ်ရတနာကျော်ရဲ့ Instagram Story တွင် ဗီဒီယိုလေးတစ်ခု တင်ပေးလာခဲ့ပါတယ်နော်။ ဒါကတော့မျက်လုံးလေးမှိတ်ပြီး အကြီးအကျယ် အိပ်မောကျနေတဲ့ သားငယ်လေးကို ဗီဒီယိုလေးခိုးရိုက်ထားပြီး ချစ်လို့မဝဖြစ်နေတာပါနော်။ သားငယ်လေးရဲ့ နာမည်ကိုလည်း ” Jaden “ လို့ မှည့်ထား ပါတယ်တဲ့နော်။

Ah Boy နဲ့ မြတ်ရတနာကျော်ဟာ သူတို့ရဲ့ သမီးလေး Scarlett နဲ့ မွေးနေ့တူအောင် သားလေးကိုပါ တစ်နေ့တည်းမွေးဖွားခဲ့တာ ဖြစ်ပါတယ်နော်။ ကဲ ပရိသတ်ကြီးလည်း မြတ်ရတနာကျော် သားလေးရဲ့ဗီဒီယိုလေးကို ကြည့်ရှုပြီးချစ်ခင် အားပေးကြပါဦးလို့ တောင်းဆိုလိုက် ပါရစေနော်။

Credit