


Credit

ဒီနေ့ကတော့ သရုပ်ဆောင် လွင်မိုးရဲ့မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။ လွင်မိုးဟာ အသက်အရွယ်ရလာတဲ့အတွက်အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။သမီးကြီး ယွန်းဝတီလွင်မို းကိုတော့ သူ့ရဲ့ အနုပညာအမွေတွေကို ပေးထားခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့ မွေးနေ့ကိုတော့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ညီအစ်မနှစ်ယောက်လုံးက သူတို့ရဲ့ Instagram အကောင့်များတွင် မွေးနေ့ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ သူတို့ရဲ့ ကလေးဘဝတုန်းက ပုံလေးတွေနဲ့ပါ ဆုတောင်းပေး ထားကြတာ ဖြစ်ပါတယ်။ အနုပညာရှင်တစ်ချို့ကလည်း သရုပ်ဆောင် လွင်မိုးရဲ့မွေးနေ့ကို ဆုတောင်းပေးထားကြပါသေးတယ်။

ယွန်းဝတီလွင်မိုးကတော့ ဖခင်နဲ့ မတွေ့ရသည်မှာ နှစိနှစ်ကျော်ပြီဖြစ်တာကြောင့် အရမ်းကို သတိရနေပြီး မြန်မာပြည်ကို အမြန်ဆုံး ပြန်လာချင်နေတာ ဖြစ်ပါတယ်။ သမီးနှစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေး အမြန်ဆုံး ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ ပရိသတ်ကြီးလည်း လွင်မိုးအတွက် မွေးနေ့ဆုတောင် းစကားများ ပြောသွားပေးကြပါဦးနော်။

Credit