မွေးလအစ မှာ သိန်း(၅၀၀) ထီဆုကြီး ကို ကံထူး ခဲ့တဲ့ အွန်လိုင်း ဟာသ သရု ပ်ဆောင် အလင်းသခင်”


ပရိသတ်ကြီး ရေ ဟာသ အွန်လိုင်းသရုပ်ဆောင် အလင်းသခင် ကတော့ ပရိသတ်တော်တော်များများကအားပေးရတဲ့သူတစ်ယောက်ပါ။ ဟာသလေးတွေမျိုးစုံဖန်တီးပြီး အခုနောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးဖို့ရှိကြောင်းသူ့ရဲ့ပရိသတ်တွေကို အသိပေးခဲ့ တာပါ။


ဒါ့အပြင်အခု နောက်ပိုင်းမှာလည်း ရရင်ရသလို အလှူတွေဆက်တိုက်လုပ်ဆောင်နေတဲ့အလင်းသခင်ကတော့ ဒီနေ့ သြဂုတ်လ ၁ရက်နေ့မှာ သိန်း၅၀၀ထီဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ” သိန်းငါးရာ ထီပေါက်လို့ အရမ်းကိုပျော်ရွှင်ရပါတယ် ဗျမွေးလမှာ ကံကောင်းနေတာ ” ဆိုတဲ့စာလေးနဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးခဲ့ တာ ပါ။


ကံကံ၏ အကျိုး ဆိုသလိုပဲ မိဘကို ​သိတတ်ကာ မွန်မြတ်တဲ့စိတ်ထား နဲ့ အလှူအတန်းတွေပြုလုပ်နေတဲ့ အလင်းသခင်ကတော့ စေတနာအကျိုးပေးတာပါပဲနော်။ သူ့ရဲ့ပရိသတ်တွေကလည်း ကံထူးတဲ့သူ့အတွက် ထပ်တူဝမ်းသာနေတဲ့ မှတ်ချက်လေးတွေပေးနေကြတာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ေ နာ်။

Source: Ah Linn Tha khin
Credit -CeleConnections