



Source – Yone Lay

credit – Cele Gabar

သိန်းတစ်သောင်းခွဲ ပေါက်တဲ့ သူငယ်ချင်း ဆီက ကံေ ကာင်းတဲ့ ဓာတ် သွားကူးခဲ့တယ် ဆိုတဲ့ ယုန်လေး

ဒီနေ့ သြဂုတ်လ (၁) ရက်နေ့မှာတော့ (၁၈) ကြိမ်မြောက် အောင်ဘာလေထီ ကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပြီး အမြင့်ဆုံး သိန်းတစ်သောင်းခွဲဆုကြီး ကိုတော့ ရန်ကုန်မြို့မှ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ တာမွေမြို့နယ်က ကိုကျော်စွာက ဆွတ်ခူးခဲ့တာဖြစ်ပြီး ယုန်လေးကတော့ ကံကောင်းလွန်းတဲ့ သူ့ရဲ့သူငယ်ချင်းဆီသွားကာ ဂုဏ်ပြုစကား ပြောကြားရင်း ပရိသတ် ကိုပါ မျှဝေခဲ့ပါတယ်။

” ဒီနေ့ ထီ သိန်း ၁သောင်းခွဲ ပေါက်ပါပြီ… ကျွန်တော်မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်း … ဘာပဲ ပြောပြော ရန်ကုန် ကလူတွေ ကံပွင့်လာပြီ …. ကိုယ်တွေများ (၅) သောင်း ဆုကို (၂) နှစ် နေလောက် မှ တစ်ခါပေါက်တယ်…. သူနားနည်းနည်း သွားပြီး ကံကောင်းတဲ့ ဓာတ်တွေ လာယူတာ .ဂုဏ် ယူပါတယ် . ကံထူးရှင်ကြီး ကိုကျော်စွာ ” ဆိုတဲ့စာသားလေးနဲ ့အတူ သူင ယ်ချင်းဖြစ်သူနဲ့ ပုံရိပ်လေးကို မျှဝေခဲ့ပါတယ်။

သိန်းတစ်သောင်းခွဲ ဆုကြီးကတော့ နယ်တွေမှာ အများဆုံးပေါက်လေ့ရှိတဲ့ အပြင် ဒီတစ်ခေါက်မှာတော့ ရန်ကုန်မှာပေါက် ရုံမက သူငယ်ချင်းအရင်းကြီးက ကံထူးသွားတာကြောင့် ယုန်လေးကတော့ ဝမ်းသာဂုဏ်ယူစွာ မျှဝေခဲ့တာပဲ ဖြစ်ပါ တယ် ပရိသတ်ကြီးရေ…

Source – Yone Lay

credit – Cele Gabar