


Credit

အဆိုတော် မီးမီးခဲကတော့ သူမရဲ့ အသံအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ကင်ဆာရောဂါဖြင့် လွန်ခဲ့တဲ့ တစ်နှစ်က ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။မီးမီးခဲ ကွယ်လွန်သွားတဲ့သတင်းကို ကြားပြီး ပရိသတ်တွေ တော်တော်ေ လးကို စိတ်မကောင်း ဖြစ်ခဲ့ရပါသေးတယ်။

လက်ရှိမှာတော့ မီးမီးခဲရဲ့ ခင်ပွန်းဟာ သမီးလေးနှစ်ယောက်နဲ့အတူ ပြည်ပနိုင်ငံမှာ အတူတူနေထိုင်လျက် ရှိနေပါတယ်။ အမှတ်တရနေ့ရက်တိုင်း ဇနီးရှိရာ အုတ်ဂူလေးသို့ သမီးလေးတွေနဲ့အတူ သွားရောက်လေ့ရှိကြပါတယ်။ မကြာခင်မှာ မီးမီးခဲ ကွယ်လွန်တာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မီးမီးခဲခင်ပွန်းရဲ့လူမှုကွန်ယ က်တွင် ချစ်ဇနီးကွယ်လွန်တာ တစ်နှစ်ပြည့်အောက်မေ့ခြင်း အခမ်းအနားကို ကျင်းပမှာဖြစ်ကြောင်းပရိသတ်တွေကို ကြေညာထားတာ ဖြစ်ပါတယ်။

” ကျွန်တော့်ဇနီးရဲ့ တစ်နှစ်ပြည့်အောက်မေ့သတိရခြင်းနေ့အတွက် သီချင်းလေးတွေပြင်ဆင်ထားတာရှိပါတယ်။တစ်ရက်ပဲ ပြသသွားမှာဖြစ်တဲ့အတွက် ထိုနေ့ညမှာ ကျွန်တော်နဲ့အတူ အားလုံးပါဝင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်။ 🙏🏼“ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မီးမီးခဲကို အခုထိ သတိရနေကြောင်း comment များတွင် ရေးသားထားကြပါသေးတယ်။

Credit