


Credit

အဆိုတော် ချမ်းချမ်းကတော့ လက်ရှိမှာ အီတလီနိုင်ငံတွင် နေထိုင်ပြီး မိသားစုကို အချိန်ပေးဖြစ်နေ ပါတယ်နော်။သမီးလေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ပြုစုပေးနေပြီး လိုလေသေးမရှိအောင် ဂရုစိုက်နေပါတယ်နော်။ သမီးလေးရဲ့ပုံရိပ်တွေကိုလည်း အမြဲဝေမျှပေးနေပြီး မကြာသေးခင် မိနစ်ပိုင်းကလည်း ချမ်းချမ်းရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံအချို့ တင်ပေးလာခဲ့တာ ဖြစ်ပါတယ်နော်။

ဒါကတော့ ချစ်ခင်ပွန်း ကလေးဘဝက ပုံရိပ်နဲ့ လက်ရှိ သမီးလေးရဲ့မျက်နှာပေါက် ချွတ်စွတ်တူနေတာကြောင့် အံ့ဩနေတာ ဖြစ်ပါတယ်နော်။ ချမ်းချမ်းကလည်း ” A daughter VS Father❤️❤️😘😘😘သူမဖေဖေငယ်စဉ်ကနဲ့ ယခုလက်ရှိသူမ ” ဆိုပြီး ရေးသားလာခဲ့တာ ဖြစ်ပါတယ်နော်။ ချမ်းချမ်းဟာ သူမရဲ့ လက်ရှိဘဝကို ကျေနပ်နေကြောင်းကိုလည်း အခုလို ရေးသားလာခဲ့ပါတယ်နော်။

” The pictures from 2011to 2021❤️❤️❤️I love my life 🙏🙏🙏life is simple ❤️❤️❤️ချစ်စရာ သမီးလေးတွေကိုပိုင်ဆိုင်ခွင့်ရလို့ ဘုရားကိုကျေးဇူးတင်တယ်။ကိုယ်ဝါသနာပါတဲ့အနုပညာကိုလုပ်ခွင့်ရလို့ ပိုကျေနပ်တယ်။ဘဝတစ်လျှောက်မှာ စိတ်ရောကိုယ်ပါ နောက်ကျောလုံစွာ လိပ်ပြာလုံစွာနဲ သန့်သန့်ရှင်းရှင်း နဲ့ပိုက်ဆံရှာပြီးမိသားစုကိုထောက်ပံ့လုပ်ကျွေးနိုင်လို့နောင်တကင်းတယ်။ တကယ်တော့ ဘဝမှာ အများကြီးမလိုပါဘူး ။ကိုယ့်ဖြစ်တည်မှုကိုကိုယ်တိုင်လက်ခံနိုင်ဖို့ရယ် ကိုယ့်ကြောင့်သူတစ်ပါးဘဝတွေမပျက်စီးခဲ့ရင် သင်လိပ်ပြာလုံစွာနေထိုင်နိုင်ပါပီ။လက်ရှိဘဝထက် နိမ့်တာ မြင့်တာ ကိုစဉ်းစားနေမယ့်အစားလုပ်စရာရှိတာကိုတနေ့တာအတွက်အကောင်းဆုံးနေထိုင်ဖြစ်တယ် ဘဝကရိုးရှင်းပါတယ် မိတ်ဆွေ. Live your life with honesty,then you will see the world is wonderful !I never compared to the others cuz you are you!!just to be true to yourself!you are rare!!you are precious ❤️❤️❤️❤️ ” လို့ ရေးသားထားပါတယ်နော်။

Credit