





Credit

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကအနုပညာလုပ်တုန်းကအချိုးမျိုးတွေလာမချိုးဖို့အနုပညာရှင်တစ်ယောက်ကိုအခုလိုသတိပေးလိုက်ပါတယ်နော်။သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကအလုပ်လုပ်ရင် အလုပ်အပေါ်အကောင်းဆုံးစေတနာထားတယ်၊ကြိုတင်ပြင်ဆင်တယ်၊ကုန်ပစ္စည်းကိုကိုယ်ကိုယ်တိုင်ကြိုတင်သုံးတယ်၊ကုန်ပစ္စည်းရဲ့ဒေတာတွေ၊အချက်အလက်တွေ၊liveမှာပြောရမယ့်စကားတွေ၊ကိုယ်နဲ့useဖြစ်နေအောင်နေတယ်

၊ပိုက်ဆံရပြီးရောဘာအလုပ်မှမလုပ်တတ်ဘူး။အလုပ်တစ်ခုကိုဖုတ်ပူမီးတိုက်လာမလုပ်ခိုင်းပါနဲ့၊အိမ်မှာလွှင့်တာတောင်မိတ်ကပ်ဆရာခေါ်ပြင်တယ်၊သေချာဝတ်စားပြီးမှကုန်ပစ္စည်းကိုကြော်ငြာပေးတယ်၊အလုပ်နဲ့ပတ်သတ်လာရင်အရမ်းပြတ်သားတယ်၊ကျွန်မကတခြားအချိန်သာစကားပြောရင်ရီမောနေတာအလုပ်နဲ့ဆိုဘယ်သူ့မှအားမနာဘူးနော်။ကားရိုက်တုန်းကလည်းကြိုချိတ်မှအဝတ်အစား ကိုယ်လုပ်မယ့်ကာရိုက်တာအားလုံးသေချာပြင်ဆင်ပီးမှရိုက်တာ၊ခုရိုက်ခုခေါ်၊ခေါ်လို့ကတော့ငွေပုံပေးတောင်ရိုက်ခဲ့တာမဟုတ်ဘူး၊ကျွန်မအတွက်ကြိုတင်ပြင်ဆင်တာအမြဲလုပ်တယ်၊

ကျွန်မကိုကြိုတင်ပြင်ဆင်လေ့လာခွင့်မပေးတဲ့အလုပ်ဘယ်တော့မှ လက်မခံဘူး။ဟိုတနေ့ကBrandedပစ္စည်းတွေလွှင့်ဖို့ပြောတယ်၊ပိုက်ဆံရပြီးရောလက်မခံဘူး၊တကယ်အစစ်လား၊ပစ္စည်းတွေပါမှာလည်းးအသစ်‌တွေရောဟုတ်ရဲ့လား၊ဗိုက်ကြီးနဲ့မိုးရွာကြီးထဲသွားလေ့လာတယ်၊အဆင်ပြေမှလက်ခံမယ်။ဆေးပစ္စည်းလာပေးတယ်၊ကိုယ်သောက်လို့ရတဲ့အချိန်တုန်းကကြိုသောက်တယ်၊ကိုယ်သောက်လို့မရတော့ကိုယ့်မိသားစုထဲကလူတွေကိုသောက်ခိုင်းတယ်၊2ပတ်လောက်မှအဲ့ဆေးကိုကြော်ငြာတယ်၊အဆင်မပြေရင်မကြော်ငြာဘူး။

တစ်ချို့ဆို၊ရုပ်ရှင်လောကထဲကပေါ့ရုပ်ရှင်ချိတ်တုန်းကအကြောတွေအတိုင်း၊ဈေးရောင်းဖို့လာချိတ်တယ်၊မနက်ဖန်လွှင့်မယ်၊ဘာဖုန်းမှမဆက်ဘူး၊ဒီနေ့လွှင့်မယ့်နေ့ဆိုမှပစ္စည်းမရောက်လာလို့ဆိုပြီး၊ခုစာတွေနဲ့အမျိုးမျိုးပြန်ဆက်သွယ်တယ်၊အဖတ်လုပ်ပီးတောင်စာဝင်မဖတ်တော့ဘူး။အနုပညာလုပ်တုန်းကအချိုးမျိုးတွေလာမချိုးနဲ့၊ဒါကြောင့်အပြင်စီးပွားရေးလုပ်ငန်းရှင်စစ်စစ်တွေနဲ့ပဲ အလုပ်လုပ်တယ်၊အနုပညာလောကကလူတွေ ဈေးရောင်းဖို့လာပြောရင်လက်ကိုမခံဘူး၊အကြောတွေသိနေလို့။အပြင်လူတွေမှာလည်းအဲ့လိုစိတ်ထားမျိုးတွေပါလာရင်ကြိုပြောထားတာနော်၊သဘောလည်းကောင်းတယ်၊အလုပ်ကိုလည်းတန်အောင်လုပ်ပေးတယ်၊စိတ်ထဲဘဝင်မကျလာရင်တော့အားမနာတတ်ဘူးဆိုပြီးရေးသားဖော်ပြထားပါတယ်။

Credit