





ကလော မှာ ရိုမန့်တစ် ဆန်ဆန် ရိုက်ထား တဲ့ ကြည်နူးဖို ့ကောင်းတဲ့ စုံတွဲ ပုံလေးတွေ မျှဝေ ခဲ့တဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုး ကတော့ ချစ်စရာကောင်း ပြီး ဆွဲဆောင်မှု ရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပါ..။မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရှင်းအေးချမ်းစွာ လိုက်ဖက်လွန်းလှသလို အမိုက်စားဖက်ရှင်လေးတွေနဲ့လည်း ခပ်မိမိလေးမိမိုက်နေတဲ့ နန်းဆုလေးကိုတော့

ပရိသတ်တွေ အားလုံးက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။ သရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာပါ အောင်မြင်နေတဲ့နန်းဆုလေးဟာ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေ သီဆို တတ် ပြီး လူငယ်ပရိသတ်တွေကြား

အမြဲရေပန်းစား နေတာလည်း အားလုံးအသိပါပဲနော်..။ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှလေ့ရှိတဲ့ နန်းဆုလေးကတော့ အခုတစ်ခါမှာလည်း မော်ဒယ်လ်မင်းသားချောလေး မင်းသွေးခန့်နဲ့အတူ ရိုမန်တစ်ဆန်ဆန်လေး ရိုက် ကူးထားတဲ့ ပုံရိပ်လေးတွေကို

ထပ်မံ ဝေမျှလာ ပါတယ်နော်..။ မကြာခင်မှာ ထွက်ရှိတော့မယ့်သူမရဲ့သီချင်း အသစ်လေးဖြစ်တဲ့ “အလွမ်းရာသီ” ဆိုတဲ့ သီချင်းလေးမှာ နှစ်ယောက်အတူ လိုက်ဖက်ညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့

ကြည်နူးစရာ ပုံရိပ်လေးတွေ ကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။ စုံတွဲပုံလေးတွေ ဝေမျှရင်း Music video လေးကလည်း မကြာခင်မှာ ထွက်ရှိတော့မယ့် အကြောင်းလေးကိုလည်း နန်းဆုလေးက ပြောပြထားပါသေးတ ယ်နော်..။