လောကီ လူ့ဘောင်ကြီးကို စိတ်ကုန်လွန်း လို့ တစ်သက် လုံး သာသနာ့ဘောင်မှာ သီလရှင်အဖြစ် တရားအားထုတ် ဖို့ စဉ်းစားနေတယ်လို့ ဆိုလာတဲ့ အကယ်ဒမီများ ရှင် သရုပ်ဆောင် မေသန်းနု


အကယ်ဒမီများရှင် မေသန်းနုကတော့ အနုပညာလောကမှာ တချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သလို ယခုထက်တိုင်လည်းပရိသတ်တွေရဲ့ ချစ်ခြင်းကို ဆက်လက်ရရှိနေတဲ့ မင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။ယခုနှစ် ၂၀၂၀ နှစ်စပိုင်းမှာတော့ မေသန်းနုဟာငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်တစ်နှစ်ကျခံခဲ့ရကာ ယခုအခါမှာတော့ ချုပ်ရက်စေ့သွားခဲ့ပြီဖြစ်တာကြောင့် ပြန်လည်လွတ်မြောက်လာ ခဲ့တာပါ။

မေသန်းနုဟာ ထောင်ဒဏ်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးကတည်းက သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့အတူ ကုသိုလ်ရေးလုပ်ငန်းများကိုဆက်တိုက်ဆောင်ရွက်နေခဲ့တာဖြစ်ပြီး တရားဘောင်အတွင်းသို့ သီလရှင်အဖြစ်နဲ့ ဝင်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ယခုအခါမှာတော့ မေသန်းနုက သူမအနေနဲ့ တသက်လုံး သာသနာ့ဘောင်ဝတ်ပြီး သီလရှင်ဘဝနဲ့ တရားအားထုတ်သွားဖို့ စဉ်းစားနေတယ်လို့ ဆိုလာခဲ့ တာပါ။


သာသနာ့ဘောင် ဝင်လိုက်တာ လူ့ဘဝ ရဲ့ လောဘ၊ ဒေါသ အမောတွေကို ဖြေလျော့ နိုင်ခဲ့တယ်။ စိတ် ငြိမ်းချမ်း ခဲ့တယ်။ သားေ လး ကို စိတ်ချရင်တစ်သက်လုံး သာသနာ့ဘောင် ဝင်ပြီး၊ တရားအားထုတ် သွားဖို့ စဉ်းစားမယ်” လို့ သရုပ်ဆောင် မေသန်းနု / ဆရာလေး သုန္ဒရာဏရီ က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် ဆရာလေးက အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ကို လည်း ရဟန်းဝတ်နဲ့ တရားအားထုတ်စေချင်ကြောင်း၊ သီလရှင်ဘဝမှာနာကြားခဲ့ရတဲ့တရားတော်တွေဟာ သူမအသက် ၅၀ ကျော်တဲ့အထိ မသိခဲ့တဲ့ တရားတော်တွေဖြစ်တဲ့ အတွက် သားဖြစ်သူကိုလည်း သိသွားစေချင်တယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။ဒါကတော့ တရားဓမ္မမှာမွေ့လျော်နေပြီဖြစ်တဲ့ အကယ်ဒမီများရှင်မေသန်းနုရဲ့ အကြောင်းေ လးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နော်