



Credit

ပရိသတ်ကြီးရေ သရုပ်ဆောင် ယွန်းဝတီလွင်မိုးကတော့ ချစ်စရာကောင်းတဲ့ သားလေးကို မွေးဖွားထားတာ ဖြစ်ပါတယ်။ သူမရဲ့ သားလေးကိုလည်း နှစ်ဘက်မိဘ ဆွေမျိုးများသာမကဘဲ ပရိသတ်တွေကပါ သည်းသည်းလှုပ်ချစ်နေကြတာ ဖြစ်ပါတယ်။ မိဘနှစ်ပါးလုံး ပြည်ပနိုင်ငံမှာ ကျောင်းသွာ းတက်နေတဲ့အတွက် ကလေးကို အဖိုးအဖွားတွေကသာ စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

Liam လေးရဲ့ ဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ ကြည့်ရှုအားပေးနိုင်အောင် အဘွားဖြစ်သူမေသူမှ အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က ယွန်းနဒီလွင်မိုးရဲ့ Instagram story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အချစ်ဆုံး တူလေးကို ရင်ခွင်လေးထဲမှာ ထည့်ထားပြီး အမှတ်တရဗီဒီယိုလေး မရ ရအောင် ရိုက်ကူးထားတဲ့ မှတ်တမ်းလေးပဲ ဖြစ်ပါတယ်။

Liam လေးက မွေးကင်းစတည်းက မိခင်နဲ့ အတူ ခွဲနေရတဲ့အတွက် အဒေါ်ဖြစ်သူကို ပိုပြီး တွယ်တာနေတာ ဖြစ်ပါတယ်။ ဒီးဒီးကလည်း တူလေးကို အသည်းတုန်မတတ် ချစ်နေရတာပါ။ ပရိသတ်တွေလည်း ကြည့်ရှုခံစားလို့ရအောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit