


Credit – CeleZone

ပရိသတ်ကြီးရေ ခင်လင်းထင်(ခ)ထရက်ရှာလေးကတော့ ပရိသတ်တွေရဲ့အချစ်တော် စန္ဒီမြင့်လွင်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ ထရက်ရှာလေးကတော့ ချစ်မွှေးပါပြီချစ်ဖို့ကောင်းလှတဲ့အပြင် (၂)နှစ်သမီးလို့ မထင်ရလောက်အောင်ကို အသိဉာဏ်ကြွယ်ပြီးတတ်လွန်း လှတာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတဲ့ ကလေးလေးဖြစ်တာကြောင့် ပရိသတ်တွေရင်နှီးပြီးသားဖြစ်မှာပါနော်။

ထရက်ရှာလေးကတော့ ဖေချစ်လေးဖြစ်ပြီး ဖေဖေအချစ်ပိုအောင်လည်း မကြာခဏဆိုသလို ဖေဖေ့ကို ကပ်ချွဲလေ့လည်းရှိပါတယ်။ မေမေစန္ဒီမြင့်လွင်ကတော့ ဖေချစ်သမီးလေးရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတွေ ပုံလေးတွေကို မကြာခဏဆိုသလို မျှဝေလေ့ရှိပါတယ်။ ဒီနေ့မှာလည်း သမီးလေး ထရက်ရှာက သူ့အဖေကို ကပ်ချွဲပြီး ဆံပင်စည်ပေးခိုင်းတဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို မျှဝေလာခဲ့ပါတယ်။

ဖေဖေဆံပင်စည်းပေးတာကို ငြိမ်ငြိမ်လေးနေနေတဲ့ ချစ်စရာကောင်းလှတဲ့ ထရက်ရှာလေးကိုကြည့်ပြီး ပရိသတ်တွေက အချစ်ပိုနေရပြန်ပါတယ်။ ပရိသတ်ကြီးရေ ထရက်ရှာ သူ့ပုံလေးတွေကြည့်ချင်တယ်ဆိုလို့ဆံပင်စည်းတုန်းလေးငြိမ်အောင် ဖုန်းခဏပြတာာပါတဲ့ ပြီးရင်ချက်ချင်းပြန်သိမ်းပါတယ် သိမ်းရင်လဲမငိုပါဘူးကြည်ကြည်ဖြူဖြူပဲပေးပါတယ်လို့လည်း မေမေက ထရက်ရှာလက်ထဲဖုန်းရှိနေတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်။

Source – Sandy Myint Lwin
Credit – CeleZone