သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းကေတာ့ ခင္ပြန္းျဖစ္သူ ကြယ္လြန္ၿပီးသြားတဲ့ေနာက္မွာ ကေလးႏွစ္ေယာက္ကို တစ္ေယာက္တည္းျပဳစုပ်ိဳးေထာင္ေနတာပဲျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းက လက္ရွိမွာလည္း ကေလးေတြေရွ႕ေရးအတြက္ အိမ္ေထာင္ဦးစီးတစ္ေယာက္အေနနဲ႔ စီးပြားရွာရသလို မိခင္တစ္ေယာက္အေနနဲ႔လည္း ကေလးေတြရဲ႕ ေဝယ်ာဝစၥေတြ အားလုံးကို တာဝန္ယူေျဖရွင္းေနတဲ့ မိခင္တစ္ေယာက္လည္းျဖစ္ပါတယ္။


မိခင္တစ္ေယာက္ပီပီ သားသမီးေတြရဲ႕ လိုအင္ဆႏၵေတြကို အတတ္ႏိုင္ဆုံးလိုက္ေရာျဖည့္ဆည္းေပးရေပမယ့္ ေမာင္ႏွမႏွစ္ေယာက္ၾကားမွာေတာ့ ဗ်ာမ်ားရေၾကာင္းကို “ဂ်က္နဲ႔ဂ်ဴးေလးကိုလြမ္းေနၾကပီထင္တယ္။ နန္းျမတ္ေတာ့အဲ့ေမာင္ႏွမပစၥည္းလုတဲ့ၾကားဗ်ာမ်ားေနရတာပါပဲ။ အကိုကလဲသူ႔ညီမကိုကလိခ်င္.. ညီမကလဲအကိုကလုပ္လြန္းေတာ့အကိုအနားကပ္လာတာနဲ႔အာၿပဲႀကီးနဲ႔ေအာ္ေတာ့တာပဲ။ သူတို႔ႏွစ္ေယာက္ပဲရွင္းေနရတယ္😅 ေမာင္ႏွမေတြအားလုံးအဲ့လိုပဲထင္တယ္ေနာ္” ဆိုျပီး နန္းျမတ္ျဖိဳးသင္းက သားနဲ့သမီးရဲ့ ခ်စ္စရာေကာင္းတဲ့ အမူအက်င့္ေလးေတြ ကို ေျပာျပလာပါတယ္။


နန္းျမတ္ျဖိဳးသင္းကေတာ့ ခ်စ္စရာေကာင္းတဲ့ သားနဲ့သမီးေၾကာင့္ ဘယ္ေလာက္ပဲ ပင္ပန္းမႈေတြၾကံဳရၾကံဳရ စိတ္ခ်မ္းေျမ့ေနရတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဂ်က္ဂ်က္ေလးနဲ့ ဂ်ဴဂ်ဴးေလးလို မတည့္အတူေန ေမာင္နွမေတြပုိင္ဆိုင္ထားျပီလားဆိုတာ ေျပာျပခဲ့ပါဦးေနာ္။


Source: Nann Myat Phyo Thinn ‘s fb

Credit ; Cele Active World

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးသွားတဲ့နောက်မှာ ကလေးနှစ်ယောက်ကို တစ်ယောက်တည်းပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက လက်ရှိမှာလည်း ကလေးတွေရှေ့ရေးအတွက် အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ စီးပွားရှာရသလို မိခင်တစ်ယောက်အနေနဲ့လည်း ကလေးတွေရဲ့ ဝေယျာဝစ္စတွေ အားလုံးကို တာဝန်ယူဖြေရှင်းနေတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပါတယ်။

မိခင်တစ်ယောက်ပီပီ သားသမီးတွေရဲ့ လိုအင်ဆန္ဒတွေကို အတတ်နိုင်ဆုံးလိုက်ရောဖြည့်ဆည်းပေးရပေမယ့် မောင်နှမနှစ်ယောက်ကြားမှာတော့ ဗျာများရကြောင်းကို “ဂျက်နဲ့ဂျူးလေးကိုလွမ်းနေကြပီထင်တယ်။ နန်းမြတ်တော့အဲ့မောင်နှမပစ္စည်းလုတဲ့ကြားဗျာများနေရတာပါပဲ။ အကိုကလဲသူ့ညီမကိုကလိချင်.. ညီမကလဲအကိုကလုပ်လွန်းတော့အကိုအနားကပ်လာတာနဲ့အာပြဲကြီးနဲ့အော်တော့တာပဲ။ သူတို့နှစ်ယောက်ပဲရှင်းနေရတယ်😅 မောင်နှမတွေအားလုံးအဲ့လိုပဲထင်တယ်နော်” ဆိုပြီး နန်းမြတ်ဖြိုးသင်းက သားနဲ့သမီးရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေ ကို ပြောပြလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကြောင့် ဘယ်လောက်ပဲ ပင်ပန်းမှုတွေကြုံရကြုံရ စိတ်ချမ်းမြေ့နေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂျက်ဂျက်လေးနဲ့ ဂျူဂျူးလေးလို မတည့်အတူနေ မောင်နှမတွေပိုင်ဆိုင်ထားပြီလားဆိုတာ ပြောပြခဲ့ပါဦးနော်။

Source: Nann Myat Phyo Thinn ‘s fb

Credit ; Cele Active World