Music Video တစ်ခု ရိုက် ကူး ရင်း ပရိသတ် တွေ ကို ပဟေဠိ ဖွက် လိုက် တဲ့ စိုးသူ


တစ်ခေတ် တစ်ခါက မိန်းကလေး ပရိသတ်တွေ အားလုံး သည်းသည်း လှုတ်ဝန်းရံအားပေးခြင်း ခံခဲ့ရတဲ့ မင်းသားစိုးသူကတော့ အနုပညာအလုပ်တွေကို ရပ်နားပြီး နိုင်ငံရပ်ခြား ကို အချိန်အတော်ကြာ ထွက်ခွာသွားခဲ့ ရတာကနေ အခုဆိုရင် မြန်မာနိုင်ငံကို ပြန်လည်အခြေချပြီး သူချစ်တဲ့အနုပညာအလုပ်တွေကို ဆက်လ က် လုပ်ကို င်နေပါပြီ ပရိသတ်ကြီးရေ ..။


လတ်တလော မှာတော့ ပြင်ဦးလွင်မှာ ရိုက်ကူး နေတဲ့ Music Video ရိုက်ကွင်းလေး တစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဘယ်တော့များမှ အဆုံးမရှိ လို့အမည်ရတဲ့ MV Shooting လေးတစ်ခု ဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ် ။ စိုးသူ နဲ့ စန္ဒီမြင့်လွင်တို့ ပါဝင်ပြီး နောက်ထပ် Special Guest တစ်ယောက် ကိုတော့ စိုးသူက ပရိသတ်တွေကို ပဟေဠိ ဖွက် ထားပါတယ် ပရိသတ်ကြီးရေ ..။


နောက်ကျောပေးထားတဲ့ နောက်ထပ် Special Guest ကဘယ်သူများဖြစ်မလဲ ပရိ သတ်ကြီးရေ ..။ ပရိသတ် တွေကတော့ ဒါဒါလားဆိုပြီး မှတ်ချက်တွေပေး နေကြတာတွေ့ရပြီး ပရိသတ်ကြီးရော ဘယ်သူလို့ထင်လဲဆိုတာကို မှတ်ချ က်လေးတွေေ ပးခဲ့ပါဦးနော် ..။

Source : Soe Thu
Emily (Cele Gabar)