စိုးသူနဲ့ အတူ သီဆို ထား တဲ့ စုံတွဲ သီချင်းလေး ထွက် ဖို့ ရှိတယ် ဆို တဲ့ စန္ဒီမြင့်လွင်


စန္ဒီမြင့်လွင်ကတော့ Covid ကာလမှာ Single Song လေးေ တွ ထွက်ရှိနေတာဖြစ်သလို အခုဆိုရင်လည်း စိုးသူနဲ့ စုံတွဲသီချင်းလေး ထွက်တော့မယ်လို့ ဆိုပါတယ်။ သီချင်းနာမည်ကိုတော့ “အဆုံးမရှိ” လို့ နာမည်ပေးထားပါတယ်။ “ဦးစိုးသူနဲ့ဒီးဒီရဲ့ အတွဲသီချင်းအသစ်ဘယ်တော့များမှ “အဆုံးမရှိ”Mv အတွက်မေမြို့ရိုက်ကူးရေး ဒီလထဲထွက်ပါမယ်နော်” ဆြို ပီးတော့ သြဂုတ်လ (၁၅) ရက်နေ့


မနက် (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီသီချင်းလေးကို နားထောင်ချင်နေကြပြီလို့ Comment ကနေတဆင့် ရေးသားခဲ့ကြပါတယ်။ စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပါပြီ။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တေ လးမှာရော၊ ရန်ကုန် မှာပါ တစ်ကိုယ်တော်


ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားပါသေးတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး ပထမဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် တရားလားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။ စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူမ ဟာ သရုပ်ေ ဆာင် တစ်ေ ယာက်အဖြစ်

ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင် ဇာတ်ကားနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက် ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ” ဆေးရောင်လှလှခြယ်ရအောင်” ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း “Queen” ၊ “ကလီယိုပါထရာ” ၊ “Papi” ဆိုတဲ့ တစ်ကိုယ်ေ တ်ာအခွေ တွေလည်း ထွက်ရှိ ခဲ့ပါေ သးတယ်။