




Credit

ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော်ရတနာမိုင်ကတော့ အသံချိုချိုလေးနဲ့ သီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်သူတစ်ယောက်ပါ။ ကိုယ်ပိုင်အမ်ဘမ်များစွာ ထွက်ရှိထားပြီး အားလုံးနီးပါးအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ရတနာမိုင်ကတော့ အသက်သုံးဆယ်ကျော်အရွယ်အထိ အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့Live Sale ရောင်းချခြင်းနဲ့ ကြော်ငြာရိုက်ကူးရေးတွေအတွက် အလုပ်တွေ ရှုပ်နေတဲ့ ရတနာမိုင်ဟာ ဒီတစ်ခါမှာလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတစ်ခုအတွက် ပုံရိပ်လေးကို မျှဝေလာပါတယ်။ ရတနာမိုင်က ထိုင်းမင်းသမီးလေးတစ်ယောက်လို လှပနေပြီး သူမရဲ့ အပြင်အဆင်လေးက မထိရက်စရာကောင်းတဲ့ ကြွေရုပ်လေးလို နုဖတ်နေတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

ရတနာမိုင်ကတော့ အသက်ပိုငယ်သွားသလားထင်မှတ်ရအောင် တစ်နေ့ထက်တစ်နေ့ ပိုပြီးနုနယ်လာပြီး ပိုပြီးလှပ လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရတနာမိုင်ရဲ့ လှပတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

Source: Yadanar My (ရတနာမိုင်)’s fb

Credit