


Source: Nyi Nanda ‘s fb

Credit

ညီနန္ဒကတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုလည်းမှားမယ် မထင်ပါဘူး။နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ ညီနန္ဒဟာ အခုလက်ရှိအသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လာခဲ့ပြီး တစ်ဖက်မှာလည်း Live Sale ရောင်းချခြင်းကို အချိန်ပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

သမီးဆိုး” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ ညီနန္ဒက ဒီကနေ့မှာတော့ သူနဲ့ သမီးဆိုး” ဇာတ်လမ်းတွဲမှာ သားအဖအဖြစ် သရုပ်ဆောင်ထားတဲ့ ထက်ထက်ထွန်းနဲ့ ပုံရိပ်လေးကို မျှဝေလာကာ “အဖေနဲ့သမီး ဘယ်သူပိုဆိုးလည်း…? အမှတ်တရစကားလေး တစ်ခွန်းလောက် please…🤍” ဆိုပြီး မေးခွန်းလေး ထုတ်လာခဲ့ပါတယ်။

ညီနန္ဒကတော့ “သမီးဆိုး” ဇာတ်ကားထဲက ရွှေပုံဧရာ၊ ဦးဧရာ တို့နဲ့ ပတ်သက်ပြီး ဘယ်သူက ပိုဆိုးလဲဆိုပြီး ပရိသတ်တွေကို မေးခွန်းထုတ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ညီနန္ဒရဲ့ မေးခွန်းလေးကို ဖြေပေးကြပါဦးနော်။

Source: Nyi Nanda ‘s fb

Credit