စပွန်ဆာ ရှိလို့ အောင်မြင်တယ် ဆိုပြီး ဝေဖန် တိုက်ခိုက် တဲ့သူတွေ ကို ဒဲ့ဖြေရှင်း ခဲ့ တဲ့ အေးငြိမ်း ဆွေ


အေးငြိမ်းဆွေ ကိုတော့ Miss Myanmar International(2015) ရဲ့ သရဖူကို ရရှိပိုင်ဆိုင် ထားတာကြောင့် ပရိသတ် တွေက ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင် ပါတယ်။ အေးငြိမ်းဆွေ ကတော့ Missတစ်ယောက်ရဲ့ အရည်အချင်းနဲ့ပြည့်ဝရုံ သာမက ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ သူတစ်ဦးပါပဲနော်။ သူမဟာ ဆိုရင် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်တဲ့ အိမ်ထော င်ရေးကို


ပိုင်ဆိုင် ထားတာကြောင့် မြင်သူတိုင်းအားကျရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ လတ်တလော မှာတော့ သူမကို ဝေဖန်တိုက်ခိုက် နေကြတဲ့သူတွေကို ဖြေရှင်း ပေးနေရတာပါပဲနော်။ ဒီနေ့မှာလည်း အေးငြိမ်းဆွေက” အရင်က Sponsorကြီးနဲ့လို့ ပြောနေတဲ့ လူတွေကို ရယ်ပဲရယ်နေမိတယ်။ ကိုယ့်အဖေ အမေတင်မက ကိုယ့် အဘိုးအဘွားတွေပါ ဘာလုပ်ပဲ ဘယ်မှာ ဘယ်လိုနေ ခဲ့လဲ စုံစ မ်းပြီးမှ


ပြောကြပါဟဲ့ ပြီးတော့ အရင်ရည်းစား တွေတင်မက အရင်ရည်းစားရဲ့မိဘတွေပါ လိုက်မေး လိုက်ဦး ဘာတွေများ တောင်းဘူး ချုဘူးသလဲလို့ တစ်ခုခုပြော ချင်ရင်လည်း ကျွန်မအဖေ ဘာလုပ်လဲ အရင်ကြည့်ဦး ယောကျာ်းကိုတောင် နင်နဲ့ကွဲလည်း ငါ့အဖေနဲ့အမေရှိတယ်လို့ ခုထိ ချေနိုင်ဆဲအနေအထားပါနော်။ သိစေချင်တယ် အောလီကောင်တွေ အောလီမတွေကို”လို့ဆိုပြီး Sponsorရှိလို့ အောင်မြင်နေတာလို့ဝေဖန်နေ တဲ့သူေ တွအ တွက်

လူမှုကွန်ယက် စာမျက်နှာMydayပေါ်မှာ ရေးသားဖော်ပြထား တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အေးငြိမ်းဆွေ က Sponsorရှိလို့ အောင်မြင်နေတယ်လို့ ပြောတဲ့သူတွေ ကို ဒဲ့ဖြေရှင်းလိုက်ကြောင်းကို ပြန်လည်ပြီးမျှေ ဝပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေ အားလုံးသာယာပျော်ရွှင်တဲ့ နေ့ရက်လေး တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတော င်းပေးလို က်ပါတ ယ်နော်။