


Credit

အလင်းရောင်ကတော့ မျက်နှာချိုချိုလေးနဲ့ ချောမောလွန်းတာကြောင့် နှုတ်ခမ်းနီမလေးတွေ အားအပေးရဆုံးမင်းသားတစ်လက်ပါ။ ကြော်ငြာတွေကတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိလာတာဖြစ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ ရုပ်ရှင်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာပြီး အသိအမှတ်ပြုမှုရရှိလာတာဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ယောက်ပီပီ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေတဲ့ အလင်းရောင်က ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် ထူးခြားတဲ့အရာလေးတစ်ခုကိုပြသလာပါတယ်။ အလင်းရောင်က ကိုရီးယားကားထဲကမင်းကြီးတစ်ယောက်လိုဝတ်စားဆင်ယင်ပြီး ဓာတ်ပုံရိုက်ခဲ့တာကိုအခုလိုပဲ တွေ့ရပါတယ်။

အလင်းရောင်ကတော့ တကယ့်ကိုရီးယားမင်းကြီးတစ်ယောက်လို မာန်အပြည့်နဲ့ အရမ်းကိုခန့်ညားနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလင်းရောင်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Credit