ပရိသတ္ႀကီးေရ ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ ႐ုပိရွင္နဲ႔ ဗီဒီယို ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ရရွိထားတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Live Sale ဘုရင္မတစ္ေယာက္လို႔ တင္စားရတဲ့ အထိ Live Sale ေရာင္းခ်မႈမွာ ေအာင္ျမင္ေနခဲ့သူပဲျဖစ္ပါတယ္။ လက္ရွိ အြန္လိုင္း Live Sale Queen အျဖစ္ ရပ္တည္ေနတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္ဟာ ဒီကေန႔မွာေတာ့ သူမအၿမဲတမ္းေဈးေရာင္းေပးေနတဲ့ စိန္သမီးေ႐ႊဆိုင္ကေန အိမ္နဲ႔ၿခံကို ေမြးေန႔လက္ေဆာင္ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

ႏႈိင္းယွဥ္ျမင့္မိုရ္က “တကယ္ ကို စပ႐ိုက္စ္😳 ဒီေန႔ ဖြင့္ပြဲတစ္ခု သြားဖို႔ ျပင္ဆင္ေနတုန္း ႏႈိင္းရွင္ေရ အီၾကာေကြးနဲ႔လဘက္ရည္လာပို႔တာဆိုၿပီး မမနီလာဖုန္းဆက္ေတာ့ ရွင္ ဘာလည္းေပါ့….တံခါးဖြင့္ေပးေတာ့ ပန္းစီးႀကီး ကိတ္မုန႔္ႀကီးနဲ႔ လက္စြပ္ ထုတ္ေပးေတာ့ ေက်းဇူးပါေပါ့❤️ၿပီးမွ စပ႐ိုက္ဆိုၿပီး ကတၱီပါ စာခ်ဳပ္ႀကီး ထုတ္ေပးေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္ပီး ၾကည့္ေနမိတာ။ မႏႈိင္းရွင္ကို ျပင္ဦးလြင္က အိမ္နဲ႔ၿခံ လက္ေဆာင္ေပးတာတဲ့😳😳ဟင္ နားမလည္ဘူး ေၾကာင္ေတာင္ေတာင္ျဖစ္ေနတာ ပြဲကလည္းသြားဖို႔နီးေနေတာ့ ေသခ်ာ မၾကည့္မိဘူးးး ဆရာက ႏိုင္ငံျခားခရီးစဥ္မသြားခင္ စာခ်ဳပ္နဲ႔ေသခ်ာစီစဥ္ေပးခဲ့တာတဲ့…ျပန္လာမွ ေရွ႕ေနနဲ႔ ထပ္ခ်ဳပ္မယ္တဲ့။

ဘာေျပာရမလည္းေတာင္မသိဘူးးေက်းဇူးတင္စကားေရာ ေျပာလိုက္မိရဲ႕လားေတာင္မသိေတာ့ဘူး။ ေၾကာင္ေတာင္ေတာင္ႀကီးနဲ႔ 😳မိသားစု စိတ္နဲ႔ စိတ္ထားအရမ္းေကာင္းတဲ့ ေ႐ႊသမီး မိသားစုႀကီးကိုေက်းဇူးအရမ္းတင္ပါတယ္ရွင္😭🙏” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ သူမရဲ႕ခင္ပြန္းကိုဘင္းဆီက နားကပ္တစ္ရံအျပင္ ေသြးသားမေတာ္စပ္တဲ့သူစိမ္းဆီကေန အိမ္နဲ႔ၿခံတစ္လုံးကို ေမြးေန႔လက္ေဆာင္ရရွိခဲ့တာပဲျဖစ္ပါတယ္။ ကုသိုလ္ကံေကာင္းလြန္းတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္ရဲ႕အျဖစ္ကေတာ့ တကယ့္ကို အားက်စရာပါပဲေနာ္။

Source: Nhying Shin Myint Mo’s fb

Credit

ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပိရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Live Sale ဘုရင်မတစ်ယောက်လို့ တင်စားရတဲ့ အထိ Live Sale ရောင်းချမှုမှာ အောင်မြင်နေခဲ့သူပဲဖြစ်ပါတယ်။ လက်ရှိ အွန်လိုင်း Live Sale Queen အဖြစ် ရပ်တည်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ ဒီကနေ့မှာတော့ သူမအမြဲတမ်းဈေးရောင်းပေးနေတဲ့ စိန်သမီးရွှေဆိုင်ကနေ အိမ်နဲ့ခြံကို မွေးနေ့လက်ဆောင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်က “တကယ် ကို စပရိုက်စ်😳 ဒီနေ့ ဖွင့်ပွဲတစ်ခု သွားဖို့ ပြင်ဆင်နေတုန်း နှိုင်းရှင်ရေ အီကြာကွေးနဲ့လဘက်ရည်လာပို့တာဆိုပြီး မမနီလာဖုန်းဆက်တော့ ရှင် ဘာလည်းပေါ့….တံခါးဖွင့်ပေးတော့ ပန်းစီးကြီး ကိတ်မုန့်ကြီးနဲ့ လက်စွပ် ထုတ်ပေးတော့ ကျေးဇူးပါပေါ့❤️ပြီးမှ စပရိုက်ဆိုပြီး ကတ္တီပါ စာချုပ်ကြီး ထုတ်ပေးတော့ ကြောင်တောင်တောင်ဖြစ်ပီး ကြည့်နေမိတာ။ မနှိုင်းရှင်ကို ပြင်ဦးလွင်က အိမ်နဲ့ခြံ လက်ဆောင်ပေးတာတဲ့😳😳ဟင် နားမလည်ဘူး ကြောင်တောင်တောင်ဖြစ်နေတာ ပွဲကလည်းသွားဖို့နီးနေတော့ သေချာ မကြည့်မိဘူးးး ဆရာက နိုင်ငံခြားခရီးစဉ်မသွားခင် စာချုပ်နဲ့သေချာစီစဉ်ပေးခဲ့တာတဲ့…ပြန်လာမှ ရှေ့နေနဲ့ ထပ်ချုပ်မယ်တဲ့။

ဘာပြောရမလည်းတောင်မသိဘူးးကျေးဇူးတင်စကားရော ပြောလိုက်မိရဲ့လားတောင်မသိတော့ဘူး။ ကြောင်တောင်တောင်ကြီးနဲ့ 😳မိသားစု စိတ်နဲ့ စိတ်ထားအရမ်းကောင်းတဲ့ ရွှေသမီး မိသားစုကြီးကိုကျေးဇူးအရမ်းတင်ပါတယ်ရှင်😭🙏” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမရဲ့ခင်ပွန်းကိုဘင်းဆီက နားကပ်တစ်ရံအပြင် သွေးသားမတော်စပ်တဲ့သူစိမ်းဆီကနေ အိမ်နဲ့ခြံတစ်လုံးကို မွေးနေ့လက်ဆောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကုသိုလ်ကံကောင်းလွန်းတဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့အဖြစ်ကတော့ တကယ့်ကို အားကျစရာပါပဲနော်။

Source: Nhying Shin Myint Mo’s fb

Credit