အဆိုေတာ္ မီးမီးခဲကေတာ့ ဟိုးအရင္အခ်ိန္က ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္အေနနဲ႔ရပ္တည္ခဲ့ၿပီး သီခ်င္းေကာင္းေတြမ်ားစြာကို သီဆိုခဲသူပါ။ႏိုင္ငံေက်ာ္အဆိုေတာ္မီးမီးခဲကေတာ့ ပရိသတ္ေတြသိတဲ့ကင္ဆာေရာဂါ ေဝဒနာ အဆင့္ (၄) ကိုခံစားခဲ့ရၿပီး (၂၀၂၀) ခုႏွစ္က ၾသစေတးလ်ႏိုင္ငံမွာ ကြယ္လြန္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ မီးမီးခဲကြယ္လြန္သြားတဲ့အခ်ိန္မွာ မီးမီးခဲရဲ႕ခင္ပြန္း Brice နဲ႔ သမီးႀကီး Narnia၊ သားငယ္ Napolian တို႔က ၾသစေတးလ်ႏိုင္ငံမွာပဲ ဆက္လက္ေနထိုင္ေနခဲ့တာပဲျဖစ္ပါ တယ္။ ဒီကေန႔မွာေတာ့ မီးမီးခဲရဲ႕ခင္ပြန္း Brice က ၿပီးခဲ့တဲ့ႏွစ္က သူတို႔သားအဖေတြႀကဳံခဲ့ရတဲ့ ကားအက္ဆီဒင့္နဲ႔ပတ္သက္ၿပီးေျပာလာခဲ့ပါတယ္။

မီးမီးခဲရဲ႕ခင္ပြန္း Brice က သူတို႔သားအဖသုံးေယာက္ေတြ႕ႀကဳံခဲ့ရတဲ့ အက္ဆီဒင့္အေၾကာင္းကို “ဘုရားသာမကြယ္ကာခဲ့ရင္ ကြၽန္ေတာ္တို႔ဒီေန႔ထိ အသက္မရွင္ႏိုင္ပါဘူး။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္သားနဲ႔သမီးအတြက္ဘုရားရဲ႕ကြယ္ကာျခင္းအတြက္ေက်းဇူးေတာ္ခ်ီးမြမ္းပါတယ္။ ၿပီးခဲ့တဲ့ 2022 November လကြၽန္ေတာ့္အေဖေမြးေန႔ေက်းဇူးေတာ္ ခ်ီးမြမ္းရွိလို႔ ဘုရားေက်ာင္းကိုသြားတဲ့လမ္းမွာ မထင္မွတ္ပဲ ကြၽန္ေတာ့္ကားကို ကားတစ္စီးကေမာင္းေနရင္းဝင္တိုက္သြားတယ္။ ဘုရားရဲ႕ကြယ္ကာျခင္းေက်းဇူးေတာ္ေၾကာင့္ ကြၽန္ေတာ္ေရာ ခေလးေတြေရာ ဘာမွမျဖစ္ခဲ့ပါဘူး။ ကားကေတာ့ ပ်က္စီးသြားပါတယ္။ ကြၽန္ေတာ္နဲ႔ သားနဲ႔သမီး အခုထိ ကားစီးဖို႔ ေၾကာက္ေနမိတယ္…ဘုရားသာမကြယ္ကာခဲ့ရင္ ကြၽန္ေတာ္တို႔အဲ့ေန႔ဘုရားေက်ာင္းလည္း မေရာက္ႏိုင္သလို အခုလို အေဖနဲ႔လည္း ဓာတ္ပုံ႐ိုက္ႏိုင္မွ ာမဟုတ္ဘူး။

မထင္မွတ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အမ်ိဳးမ်ိဳးျဖစ္ပ်က္ႏိုင္ေပမယ့္ ဘုရားက အၿမဲကြယ္ကာေပးလို႔ ေက်းဇူးေတာ္ခ်ီးမြမ္းပါတယ္။ ကြၽန္ေတာ္အခုထိ သားနဲ႔သမီးကို ေက်ာင္းပို႔ေပးခြင့္ ၊သူတို႔နဲ႔အတူ ရွိခြင့္ ၊သူတို႔ကို ေရခ်ိဳးေပးခြင့္ရေသးတာေတြ ၊သူတို႔နဲ႔အတူ သီခ်င္းေတြလုပ္ခြင့္ ၊သူတို႔အတြက္ အမ်ားႀကီး လုပ္ေဆာင္ေပးေနခြင့္ရေသးတာ ဘုရားေက်းဇူးေတာ္ သက္သက္ေၾကာင့္ပါ။ ဒီလိုျဖစ္ျဖစ္ျခင္းမွာ ၾကားၿပီး ေရာက္လာၿပီး ကူညီေပးၾကတဲ့ သူငယ္ခ်င္းမ်ားကိုလည္း ေက်းဇူးတင္ပါတယ္” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

Credit

အဆိုတော် မီးမီးခဲကတော့ ဟိုးအရင်အချိန်က အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ရပ်တည်ခဲ့ပြီး သီချင်းကောင်းတွေများစွာကို သီဆိုခဲသူပါ။နိုင်ငံကျော်အဆိုတော်မီးမီးခဲကတော့ ပရိသတ်တွေသိတဲ့ကင်ဆာရောဂါ ဝေဒနာ အဆင့် (၄) ကိုခံစားခဲ့ရပြီး (၂၀၂၀) ခုနှစ်က သြစတေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ မီးမီးခဲကွယ်လွန်သွားတဲ့အချိန်မှာ မီးမီးခဲရဲ့ခင်ပွန်း Brice နဲ့ သမီးကြီး Narnia၊ သားငယ် Napolian တို့က သြစတေးလျနိုင်ငံမှာပဲ ဆက်လက်နေထိုင်နေခဲ့တာပဲဖြစ်ပါ တယ်။ ဒီကနေ့မှာတော့ မီးမီးခဲရဲ့ခင်ပွန်း Brice က ပြီးခဲ့တဲ့နှစ်က သူတို့သားအဖတွေကြုံခဲ့ရတဲ့ ကားအက်ဆီဒင့်နဲ့ပတ်သက်ပြီးပြောလာခဲ့ပါတယ်။

မီးမီးခဲရဲ့ခင်ပွန်း Brice က သူတို့သားအဖသုံးယောက်တွေ့ကြုံခဲ့ရတဲ့ အက်ဆီဒင့်အကြောင်းကို “ဘုရားသာမကွယ်ကာခဲ့ရင် ကျွန်တော်တို့ဒီနေ့ထိ အသက်မရှင်နိုင်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်သားနဲ့သမီးအတွက်ဘုရားရဲ့ကွယ်ကာခြင်းအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။ ပြီးခဲ့တဲ့ 2022 November လကျွန်တော့်အဖေမွေးနေ့ကျေးဇူးတော် ချီးမွမ်းရှိလို့ ဘုရားကျောင်းကိုသွားတဲ့လမ်းမှာ မထင်မှတ်ပဲ ကျွန်တော့်ကားကို ကားတစ်စီးကမောင်းနေရင်းဝင်တိုက်သွားတယ်။ ဘုရားရဲ့ကွယ်ကာခြင်းကျေးဇူးတော်ကြောင့် ကျွန်တော်ရော ခလေးတွေရော ဘာမှမဖြစ်ခဲ့ပါဘူး။ ကားကတော့ ပျက်စီးသွားပါတယ်။ ကျွန်တော်နဲ့ သားနဲ့သမီး အခုထိ ကားစီးဖို့ ကြောက်နေမိတယ်…ဘုရားသာမကွယ်ကာခဲ့ရင် ကျွန်တော်တို့အဲ့နေ့ဘုရားကျောင်းလည်း မရောက်နိုင်သလို အခုလို အဖေနဲ့လည်း ဓာတ်ပုံရိုက်နိုင်မှ ာမဟုတ်ဘူး။

မထင်မှတ်တဲ့အချိန်မှာ ကျွန်တော်တို့အမျိုးမျိုးဖြစ်ပျက်နိုင်ပေမယ့် ဘုရားက အမြဲကွယ်ကာပေးလို့ ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်တော်အခုထိ သားနဲ့သမီးကို ကျောင်းပို့ပေးခွင့် ၊သူတို့နဲ့အတူ ရှိခွင့် ၊သူတို့ကို ရေချိုးပေးခွင့်ရသေးတာတွေ ၊သူတို့နဲ့အတူ သီချင်းတွေလုပ်ခွင့် ၊သူတို့အတွက် အများကြီး လုပ်ဆောင်ပေးနေခွင့်ရသေးတာ ဘုရားကျေးဇူးတော် သက်သက်ကြောင့်ပါ။ ဒီလိုဖြစ်ဖြစ်ခြင်းမှာ ကြားပြီး ရောက်လာပြီး ကူညီပေးကြတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Credit