


Credit

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်မြတ်သူသူက သူမရဲ့အဖေနဲ့ ပတ်သတ်တဲ့ ဆက်ဆံရေးတွေကို အခုလိုပြန်လည် ပြတ်ပြတ်သားသား ဒဲ့ပြောလာခဲ့ပါတယ်နော်။

သရုပ်ဆောင်မြတ်သူသူက အဖေဆိုတာ လက်ထဲ ပိုက်ဆံရလာရင် အိမ်မှာတောင်ထမင်းမစားတော့ဘူး၊ မွေးထားတဲ့ကျေးဇူးတခုထဲနဲ့ ပတ်သက်နေတာ ကျန်တာ သံယောဇဉ်ပြတ်ပြီးသား၊ အဖေနဲ့အမေကွဲနေတာ ကိုယ် ၁၀တန်းမတိုင်ခင် အသက် (14/15)ထဲကပဲ၊ အခု အသက် (33)ရှိပြီ၊ ဖြစ်ခဲ့သမျှ ကြုံခဲ့သမျှ ရင်ထဲ အကုန်ရှိတယ် ။

အခု အဖေ့ညီမဝမ်းကွဲ အဒေါ်ဖြစ်သူကိုယ်တိုင်က မီဒီယာတွေအောက် အခုလိုလိုက်ရေးနေတော့ အမှန်တိုင်း အားလုံးသိရတာပေါ့ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit